ဘဝတစ်စ
ဥကွဲပေမဲ့ သိုက်မပျက်ချင်
သူ ခြေဖျားလေးထောက်ပြီးတော့ ပါးပြင်ပေါ်မှာ ကျန်နေတဲ့ မျက်ရည်နှစ်စက်ကို တစ်ရှူးနဲ့ လှမ်းသုတ်ပေးလိုက်ပြီး သူ့ကို ရက်ရက်စက်စက် ရိုက်ရက်ခဲ့တဲ့ လက်ဖဝါးပြင်ကြမ်းကြမ်းနှစ်ဖက်ကို ဆုပ်ကိုင်ဖျစ်လိုက်ရင်းက အားပေးပြုံးလေး ပြုံးပြလိုက်မိတော့တယ်။
ဒီလိုကြားရရင်လည်း သူက ကျေနပ်လေ့ရှိသူ။ ကိုမိုးတို့ သူငယ်ချင်းတွေထဲမှာဆို အိမ်ထောင်ကျပြီးပေမယ့် တချို့ဆို မိန်းမက ထက်လွန်း၊ နေရာတကာ ဝင်စွက်ဖက်လွန်းလို့၊ သိပ်မကြာခင်မှာပဲ ပြန်ကွဲသွားကြရတဲ့ စုံတွဲတွေ၊ ကလေးမရလို့ သူ့အပြစ်တင် ကိုယ့်အပြစ်တင်နဲ့ အဆင်မပြေကြတဲ့ စုံတွဲတွေ၊ အိမ်ထောင်မှု အချက်အပြုတ်မနိုင်နင်းလို့ ပြဿနာဖြစ်ကြတဲ့ စုံတွဲတွေကလည်း အများသားလား။ ဒီလိုတွေကြားထဲမှာ သူက အိမ်ထောင်သက် ခြောက်နှစ်အတွင်း သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက် မွေးပေးနိုင်တဲ့ မိန်းမ ဖြစ်နေပြန်ရောလေ။ ကိုမိုးကလည်း သူ့မိဘတွေရဲ့ စီးပွားရေးကို လူပျိုတုန်းကသာ ဦးစီးလုပ်ကိုင်ပေးခဲ့ပေမဲ့ သူနဲ့ အိမ်ထောင်ကျကတည်းက သူ့စီးပွားသူ ခွဲလုပ် အိမ်ခွဲနေခဲ့ကြတာ။ ဆက်ဆံရေးကလည်းကောင်း၊ အပြောကလည်း ချိုတော့ ကနဦး ကားဝယ်ရောင်းလုပ်ရာက ခင်မင်ခဲ့တဲ့ မိတ်ဆွေတချို့နဲ့ စပ်မိပြီး အခု သားကြီး ၆နှစ် ၇နှစ် လောက်မှာ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခုမှာ အရေးပါတဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်နေပြီလေ။ တစ်ခါတလေ ဧည့်သည်ဧည့်ခံရင်း နည်းနည်းပါးပါး သောက်တာလေးက လွဲလို့ အိမ်က မိန်းမနဲ့ ပြဿနာဖြစ်တဲ့အထိ လွန်လွန်ကျူးကျူး သောက်တာစားတာမျိုးလည်း ကင်းတဲ့သူပေါ့။
ဘာပဲပြောပြော အိမ်ထောင်မှုအလုပ်တွေ၊ ချက်ရေး ပြုတ်ရေးနဲ့ ကလေးနှစ်ယောက် ဝေယျာဝစ္စတွေနဲ့ ပင်ပန်းပြီး မအားရအောင်ရှိပေမဲ့ သူ့ဘဝကလေးကတော့ ကျေနပ်ပျော်ရွှင်စရာလေးပါ။
တဖက်က အိမ်ဦးနတ်ကလည်း သူ့တာဝန်သူကျေနေလေတော့ သူမငြင်းသာသလို လှိုက်လှိုက်လှဲလှဲ ခေါင်းငြိမ့်ခဲ့တာပေါ့။ ကိုမိုးက မိသားစုအပေါ် သိပ်သံယောဇဉ်ကြီးတာ။ သားနဲ့သမီးကိုလည်း သိပ်ချစ်ရှာတာ။ အလုပ်တွေ မအားတာများပေမယ့် မိသားစုကို အချိန်ပေးပြီး အပန်းဖြေခရီးလေး ဘာလေး ထွက်လေ့ရှိတယ်လေ။ ဒါကလည်း အိမ်ထောင်တစ်ခု သာယာဖို့ ခိုင်မြဲဖို့အတွက် လိုအပ်ချက်မှန်း သူတို့နှစ်ဦးလုံးက လက်ခံထားကြတယ်။ သူကတော့ ဒီလို ခရီးထွက်တဲ့အချိန်သာ အပြင်လောကကို ရောက်လေ့ရှိပြီး ကျန်တဲ့အချိန်တွေ အားလုံးမှာတော့ အိမ်နဲ့ဈေး၊ အိမ်တွင်းမှာပဲ ချက်ပြုတ်လျှော်ဖွပ်၊ ဒါတွေနဲ့ပဲ လုံးချာလိုက်နေခဲ့သူပေါ့။ ဒီတော့ သူ့မှာ ရင်းရင်းနှီးနှီးပေါင်းရမဲ့ မိတ်ဆွေ သူငယ်ချင်းရယ်လို့ မယ်မယ်ရရ သိပ်ရှိလှတယ် မဟုတ်ဘူးလေ။ ဒီလိုမရှိပေမဲ့လည်း သူ့အတွက်က အဖော်မလိုသလို အထီးကျန်လည်း ဖြစ်နေတာမှ မဟုတ်တာကိုး။ သူ့ဘဝမှာ ဒီသုံးယောက်ရှိနေရင် အဆင်ပြေနေရင် ကျေနပ်ပြီ။
ကိုမိုးက သူများတွေလို ဒီနေ့ခေတ်စားနေတဲ့ သားသမီးတွေကို နိုင်ငံခြားလွှတ်ပြီး ပညာသင်တာမျိုး မလုပ်ချင်သူလေ။ သူကိုယ်တိုင်က မခွဲနိုင်သလို စိတ်လည်းမချဘူး။ ပြီးတော့ မိသားစု နောင် ကြီးတဲ့အထိ သိုက်သိုက်ဝန်းဝန်းပဲ နေချင်တယ်တဲ့။ ဒီလိုလွှတ်လိုက်လို့ ပြန်မလာတော့မှာ သူများမြေမှာ အပြီးနေသွားမှာကိုလည်း အခုကတည်းက တွေးပြီး စိုးရိမ်သူပေါ့။ ဒါကလည်း သူ့ဆန္ဒနဲ့ တစ်ထပ်တည်း ဖြစ်နေပြန်တော့ လင်မယားနှစ်ယောက် အတိုင်အဖောက် ညီသွားတော့တာပေါ့။ သူတို့ အိမ်ထောင်ရေးက အထူးမညှိရဘဲ ဒီလို တစ်ထပ်တည်း ကျတာက များတယ်လေ။
မှတ်မှတ်ရရ ကိုမိုးအချိန်ရလို့ ခေါ်သွားမှ အပြင်ရောက်တဲ့သူက အခုသားကြီး ကျောင်းစအထားမှာတော့ အိမ်နဲ့ဈေးအပြင်၊ ကျောင်းထမင်းပို့၊ သားကိုထမင်းကျွေး၊ ကျောင်းကြို အလုပ်တွေကိုလည်း လုပ်လာရပြီ။ အပြင်ကိုထွက်တဲ့နေရာ နှစ်နေရာ အလိုလိုနေရင်း တိုးလာခဲ့ရပြီပေါ့။ တစ်နေရာက သမီးငယ်ကို မူကြိုပို့တဲ့ နေရာနဲ့ သားကြီးကျောင်းပေါ့။ သမီးငယ်ရဲ့မူကြိုက ကလေးကျောင်းလည်းဖြစ် ဂရုလည်းစိုက်ပေးတော့ အိမ်ကချက်ရေးပြုတ်ရေးပြီးတာနဲ့ သားကြီးကျောင်းရှေ့မှာသာ အနေများလာခဲ့တယ်။
ကျောင်းဖွင့်စကတော့ ကိုယ့်ရှိတာလေးတွေကိုပဲ နည်းနည်း သပ်သပ်ရပ်ရပ်ဖြစ်ရင် ပြီးရော ဝတ်စားပြီး သွားလာကြိုပို့လုပ်ခဲ့ပေမယ့် တကယ်အပြင်ထွက်ကြည့်တော့မှ သူ ဒိတ်အောက်နေမှန်း သူ့ဟာသူ သတိထားမိလာရတယ်။ သားနဲ့သမီး ကျောင်းနှစ်ကျောင်းလုံးက လာပို့ကြတဲ့မိခင်တွေများ ကြည့်လိုက်ရင် အပျံစားတွေချည်း ပါပဲလား။ လန်ထွက်နေကြတာပဲကိုး။ အပြိုင်အဆိုင် ပြင်ကြ ဆင်ကြ ဝတ်ကြ စားကြနဲ့။ ကျောင်းကြိုတဲ့နေရာပေမဲ့ ရောင်စုံပန်းကမ္ဘာကြီးပဲ ရောက်သွားရသလိုလို။ မျက်လုံးတွေ မျက်လုံးတွေ ဆိုတာကလည်း သူတို့ကိုယ်တိုင် မှုန်နေအောင် ခြယ်သထားကြပေမဲ့ သူများတွေ ဝတ်စားထားတာကိုလည်း စပ်စပ်စုစု ကြည့်ကြသေးတာ။
ထားတဲ့ကျောင်း နှစ်ကျောင်းလုံးကလည်း နာမည်ကြီးကျောင်းတွေဆိုတော့ ဝတ်နိုင်စားနိုင်တဲ့သူတွေကလည်း အများသားလေ။ သူကလည်း အခုမှ သုံးဆယ်စွန်းကာစလေးပဲ ရှိသေးတော့ သူများဝတ်လို့ လှတာမြင်ရင် သဘောကျ၊ ကိုယ့်ဟာကိုယ်လည်း ရှိုးတို့ရှမ်းတမ်းဖြစ်၊ ဒီဇိုင်းပြောင်းမှ ဖြစ်မှာပါလေလို့ စိတ်ထဲကတေးထားနဲ့ တယောက်တည်း အတွေးတွေ ရှုပ်နေရပြီ။
ညကျ ယောက်ျားကို မနေနိုင် မထိုင်နိုင် ပြန်ပြောမိရင် ယောက်ျားက သူ့လက်ဝါးကြီးနဲ့ သူ့ခေါင်းလေးကို ချစ်စနိုးပွတ်ပြီး
“မင်းလည်း ဝတ်ပေါ့ကွ၊ မိန်းမပဲ အလှအပအတွက် ဝတ်သင့် ဝတ်ထိုက် ပြင်သင့် ပြင်ထိုက်တာတော့ လုပ်ရမှာပေါ့။ တရားလွန် မဟုတ်ရင်ပြီးရော။ ဒီအတွက် ကိုယ်ရှာနိုင်ပါတယ်ကွာ။” တဲ့လေ။
ဘယ်လောက်ချစ်ဖို့ကောင်းသလဲလို့။ ကလေးတွေ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေဆိုရင် သူသိပ်သွားလေ့မရှိတဲ့ shopping mall တို့ အထည်ဆိုင်တို့ တွေကို အချိန်ပေးပြီး သွာလာရပြီ။ ယောက်ျားကိုတော့ ရှက်လို့ သားကြီး အတန်းပိုင်ဆရာမနဲ့ တခြားဆရာမတွေအတွက် လက်ဆောင်ပေးဖို့ဝယ်တာလို့ ပြောရတာပေါ့။ ခါတိုင်း အဝတ်အစားနဲ့ အလှအပအတွက် ဒီလို တကူးတက ထွက်ပြီးဝယ်လေ့ရှိသူ မဟုတ်တော့လေ။ တကယ်လည်း ကျောင်းထားရင် ဒီလိုတွေက လိုလာသလို သူ့အတွက်လည်း ဒီထဲမှာ ရောကျိတ်ရတာပေါ့။ ယောက်ျားကတော့ အရင်ကတည်းက အိမ်အသုံးစားရိတ်ကို စစ်စစ်ပေါက်ပေါက် စစ်လေ့မရှိဘူးလေ။ သူလိုတာတွေ တောင်းတိုင်း မညည်းမညူ ပေးလေ့ရှိသူ။
သူ့ဆင်ခြေက ကွက်တိဖြစ်သွားလို့ ထင်ပါရဲ့။ ကိုမိုး ခဏပဲ မျက်မှောင်ကြီးကုပ် စဉ်းစားသလိုလုပ်ပြီး နောက်ရက်ကျတော့ ဂျီအက်စ်အမ်ဖုန်းတစ်လုံး ဝယ်လာပါလေရော။ သူ အတော် ကျေနပ်သွားတယ်။ ကျောင်းကြိုလို့ ကလေးတွေကို စောင့်တဲ့နေရာမှာဆို မိခင်တိုင်းက ဖုန်းတစ်လုံးစီ ပါကြတာကို သူသိနေတယ်လေ။ ကလေးစောင့်ရင်း စကားစမြည်ပြောကြရင်း သူ့ဖုန်းနံပါတ် ကိုယ့်ဖုန်းနံပါတ် အပြန်အလှန် ပေးကြ သွင်းကြ မေးကြနဲ့။ အဲဒါ သူ့ကိုလည်း အတော်အမေးခံရတယ်။ ကလေးတွေ ကျူရှင်ကိစ္စတို့ ဆရာမကို စုကန်တော့ဖို့ ကိစ္စတို့ တခြားကျောင်းအလှူငွေ ကိစ္စတို့ ဆို တိုင်ပင်ရအောင် ပြောရအောင် ဆိုပြီးတော့ပေါ့။ သူ့မှာ ဖုန်းမရှိတော့ အိမ်ဖုန်းပဲ ပေးပေးထားရတာ။ တချို့ဆို ဖုန်းနံပါတ်ပြောလိုက်ရင် မျက်ခုံးကြီးရှုံ့ပြီး ...
“ဟင် လိုင်းဖုန်းကြီးလား? ဒီတော့ အိမ်မှာရှိတဲ့ အချိန်ပဲ ဆက်လို့ရမှာပေါ့နော်။ ဟန်းဖုန်း မရှိဘူးလား?” ဘာ--ညာနဲ့။
သူခံစားနေရတာ နှစ်ပတ်လောက်ရှိပြီလေ။ ယောက်ျားကို အပိုကုန်မှာစိုးလို့ ညှာတာချင်ပေမဲ့ ဒီတန်ဖိုးလောက်က ဘာမှလည်း မထိခိုက်လောက်တာနဲ့ ဒီလို ပရိယာယ်သုံးပြီး ပူဆာရတာပေါ့။ သူ ကံကောင်းပါတယ်။ အခုတော့ သူ့အလိုပြည့်သွားပြီလေ။
ဖုန်း စရခါစ နေ့က ကျောင်းရောက်ပြီး သားကြီးအတန်းထဲ ဝင်သွားပြီးတာနဲ့ ယောက်ျားဆီကဖုန်းက ကွက်တိဝင်လာတော့ သူပျော်လိုက်ရတာလေ။ သူ့ကို လိုင်းဖုန်းပဲရှိလို့ဆိုပြီး မျက်ခုံးရှုံ့တဲ့ အမျိုးသမီးကလည်း မျက်စိကျွတ်ထွက်မတတ် ကြည့်နေသလိုပဲ ခံစားရတယ်။ ကိုမိုးက ဖုန်းဝယ်ထားခါစမို့ အစမ်းခေါ်ကြည့်လိုက်တာ တဲ့လေ။
“အခုသားကြီး အတန်းထဲကို ဝင်သွားပြီ။ ဒီနေ့ နေ့လည် အိမ်ပြန်ထမင်းစားမှာလား? ပုဇွန်နဲ့မျှစ် ကြော်ပြီး ချဉ်ပေါင်စပ်ချဉ် ချက်ထားတယ်” လို့ သူဆက်ပြောလိုက်တယ်။
ဘေးဘီကိုလည်း မသိမသာ မျက်စိက ဝဲကြည့်ရသေးတာ။ သားကြီးကို ပထမဦးဆုံး ကျောင်းစထားတဲ့နှစ်မှာသာ သူ အဝတ်အစားနဲ့ပတ်သက်ပြီး အားမရခဲ့တာ။ နှစ်နှစ်လောက်နေတော့ တခြားစမတ်ကျတဲ့ မိခင်တွေလို ခေတ်ပေါ်အဝတ်အစားတွေကို စတိုင်ကျကျ ဝတ်တတ်လာပြီ။ အခြေခံကုန်ကြမ်းတွေဖြစ်တဲ့ ဟန်းဖုန်းတို့၊ တစ်လပြီး တစ်လ လက်ကိုင်အိတ်ကို ပြောင်းကိုင်ရတာတို့လည်း သူ လုပ်တတ်လာခဲ့ပြီလေ။ ကျောင်း မိဘဆရာ အစည်းအဝေးဆိုလည်း သူများတွေထက် မနည်းတဲ့ အလှူငွေကို သူထည့်ရတာပေါ့။ သူ့ဝတ်ပုံစားပုံနဲ့ဆိုတော့ ကျောင်းကလည်း တော်ရုံထည့်ရင် တအံ့တသြပုံစံနဲ့ ကပ်စေးနှဲသလို အကြည့်မျိုး အကြည့်ခံရတာကို သူက ခံနိုင်တာ မဟုတ်ဘူးလေ။
သူတို့ထဲက မသင်းဆိုတဲ့ အမျိုးသမီးကတော့ စိန်လေးရွှေလေး လုပ်ထားပြီးသားအထည်လေးတွေကို ယူယူ လာလေ့ရှိပြီး သူတို့ကို ပြလေ့ရှိတယ်။ ဝယ်ချင်ရင်လည်း ဝယ်လို့ရတယ်လေ။ သူတောင် ပလက်တီနမ်နဲ့စိန် ရောလုပ်ထားတဲ့ ခြယ်လက်စွပ်လေးတကွင်း မသင်းဆီက ဝယ်ဖူးသေးတယ်။
၂၄နှစ်လောက်ပဲရှိသေးတဲ့ ဝါဝါကတော့ သူတို့အထဲမှာ အသက်အငယ်ဆုံးပေါ့။ cosmetic တို့ ဘာတို့ကို ဘယ်ဟာကောင်းတယ် ဘယ်ဟာမကောင်းဘူး သိချင်ရင် သူ့ကိုပဲ မေးရတာ။ သူကိုယ်တိုင်လည်း မှုန်နေအောင်လိမ်းခြယ်ပြီး လာလေ့ရှိတယ်။ အသားအရေကလည်း လှမှလှ။ သူသုံးတဲ့ ပစ္စည်းတွေကို တလောကမှ ကြုံလို့မေးကြည့်တော့ မျက်နှာလေးတစ်ခုအတွက်ကိုက အားလုံးပေါင်း သုံးသိန်းဖိုးလောက်ရှိမယ်။ ဒီကြားထဲ ဆိုင်သွားပြီး ဆံပင်ပေါင်းတင်၊ မျက်နှာပေါင်းတင်တဲ့ ကုန်ကျစားရိတ် မပါသေးဘူး။ ဒါကြောင့်လည်း နေမှာ။ ဝါဝါ့မျက်နှာက သူတို့တွေနဲ့ မတူဘဲ နုဖတ်စိုပြေပြီး ကြည့်လိုက်ရင် လင်းချင်းနေတာပေါ့။ ဝါဝါ့လောက်ကြီးအထိ သူ မသုံးပေမဲ့ အခုနောက်ပိုင်း မြင်ပါများလာတော့ သူ့လိုလေး လှချင်လာတာနဲ့ မေးမြန်းပြီး ဝယ်ထားတာ ဟိုတစ်နေ့ကဆို အားလုံးပေါင်း တစ်သိန်းရှစ်သောင်းလောက် ကုန်သွားတယ်လေ။ အခု သူ ခါတိုင်းလို သနပ်ခါးရေပါးလေးပဲ လိမ်တာမျိုး မလုပ်တော့ဘဲ ကာနီးဘိုးတို့ မေဘယ်လင်းတို့ ရယ်ဗလွန်တို့ကို အမျိုးစုံအောင် သုံးတတ်နေပြီ။ ဒါတွေ လိမ်းလိုက်တော့လည်း သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှု ရှိလာသလိုပဲလေ။ ဒီကျောင်းတံခါးကြီး ရှေ့မှာက တစ်ယောက်နဲ့တစ်ယောက်က မျက်စိကျွတ်ကျမတတ် ကြည့်တတ်ကြလေတော့ သူပြင်ဆင်ရကျိုး ဝတ်ရစားရကျိုး နပ်တာပေါ့။
မိဘဆရာအသင်းမှာ မျက်နှာရတဲ့ သူတို့မိခင်အဖွဲ့ ခြောက်ယောက်က ဘဝချင်းကလည်း ခပ်ဆင်ဆင်ရယ်။ အိမ်စီးပွားရေးအတွက် ကိုယ်တိုင်ရှာစရာမလိုဘဲ သူ့လိုပဲ ကျန်ငါးယောက်ကလည်း ယောက်ျားတွေ ဦးဆောင်ကြတာချင်း အတူတူပဲလေ။ တချို့က အရာရှိကတော်၊ တချို့က ကိုယ်ပိုင်စီးပွားရေး၊ တချို့က ဘိုးဘွားစဉ်ဆက်က ချမ်းသာလာကြတဲ့ သူတွေပေါ့။ ဒီတော့ သားသမီးတွေကို ဂရုစိုက်ကြတာချင်းလည်း သူမသာ ကိုယ်မသာ၊ အတန်းစဉ်တိုင်းက အတန်းပိုင် ဆရာမတွေ ဘာသာရပ်သင်တဲ့ ဆရာမတွေကို ပိုင်ကြတာချင်းကလည်း တူတော့ အဆင့်တစ်ကနေ ခြောက်အတွင်းက သူတို့ သားသမီးတွေချည်း လွှမ်းမိုးထားနိုင်ကြတယ်။ ကိုယ်တွေက ဂရုစိုက်နိုင်တာကိုး။
ကိုမိုးက သားကြီး အဆင့်တစ်ရတဲ့အခါဆိုရင် မအားတဲ့ကြားက စားသောက်ဆိုင်ကောင်းကောင်းမှာ မိသားစု ညစာ ထွက်စားကြပြီး ဂုဏ်ပြုလေ့ရှိတယ်။ ဒီနေ့ အဖွဲ့တွေကို နွယ်တို့တိုက်ခန်းမှာ ဆုံမိကြတော့ အဲဒါကို ပြောပြနေတာလေ။ ဒီလပတ်မှာ သားက နွယ့်သားနဲ့ ပူးတွဲ အဆင့်တစ်ရတာကိုး။ နွယ်ကလည်း မနေ့ညနေက သူ့အတွေ့အကြုံကို ပြန်ဖောက်သည်ချနေလေရဲ့။ နွယ်တို့မိသားစုက ဆီဒိုးနားမှာ အသင်းဝင်ကဒ်ရှိတော့ ညနေစာကို ဘူးဖေး အဲဒီမှာပဲ သွားစားလိုက်ကြသတဲ့။ သူ့ကိုတောင် အသင်းဝင်ကဒ်ရှိလား? မရှိရင် လုပ်ထားသင့်တဲ့အကြောင်း၊ အဲဒီလိုလုပ်ထားရင် တန်တဲ့အကြောင်း နည်းတွေ ပေးနေတယ်လေ။ နွယ့်ကလေးတွေက ရေကူးဝတ်စုံပါ ယူလာပြီး သူတို့ရေကူးအပြီးမှ မိသားစု စုံစုံလင်လင် ဘူးဖေးစားကြတာလို့ ပြောပြတယ်။ အိမ်ပြန်ကျမှ ကိုမိုးနဲ့တွေ့ရင် အဲဒီလို အသင်းဝင်ကဒ်လုပ်ထားဖို့ ပြောပြရဦးမယ်လို့ သူ့စိတ်ထဲ တေးထားလိုက်တယ်။ မသင်းကလည်း မန္တလေး ဟေးရီဆော့ ဟိုတယ်မှာ အသင်းဝင်ကဒ် ရှိသတဲ့လေ။
သူက ခါတိုင်းလိုမှတ်ပြီး မိဘဆရာအသင်းရံပုံငွေအတွက် အလှူငွေထည့်ဖို့ ဆရာမကြီးကို ကတိပေးခဲ့ပြီးကာမှ အခု လင်တော်မောင်ကို ငွေတောင်းတော့ ပြန်ပြောတဲ့စကားလေ။ နှစ်စဉ် ဒီလိုကြုံလာတိုင်း ငွေသုံးသိန်းထက်မနည်း ထည့်ဝင်ခဲ့လေပြီးမှ အခုနှစ် ဒီလိုနည်းသွားတယ်ဆိုတော့ ဘယ်ကောင်းမှာလဲလို့ သူတွေးကြည့်တယ်။ ကျန်တဲ့ သူ့အဖွဲ့တွေကတော့ ခါတိုင်းလိုပဲ ၃ နဲ့ ၅ ကြားမှာ ထည့်ဝင်ကြမှာက မလွဲဘူးလေ။ သူ့ကို အဆင်မပြေလို့လားလို့ အမေးမခံချင်ဘူး။ ပြီးတော့ ဆရာမကြီးက သူဆိုရင် ၃ထက် လျော့မှာမဟုတ်ဘူးလို့ တစ်ထစ်ချ ယုံထားတာကို။ သူ့ဖက်ကလည်း ကတိပေးပြီးပြီလေ။ ကိုမိုးကြည့်ရတာက တကယ်အကျပ်တွေ့နေဟန် တူပါတယ်။ သူတောင်းတိုင်း မညည်းမညူ ပေးခဲ့တာက များတယ်လေ။ အခုလည်း တကယ်မို့ပြောတာ သူခံစားမိပါတယ်။ ဒါပေမယ့်.... သူ့ဘက်က အခြေနေကလည်း.... ဟူး...... သူတကယ်ကို အခက်ကြုံရပြီလေ။ လက်ထဲလည်း ရှိရင်သုံးလိုက်ရတာနဲ့ ဆိုတော့ နေ့စဉ်ဝတ်စားနေတဲ့ လက်ဝတ်လက်စားတွေကလွဲလို့ ဘာမှ စုဆောင်းမိကမရှိ။ အရေးကြုံရင် မရောက်တာကြာပြီဖြစ်တဲ့ အမေ့မျက်နှာကိုပဲ သူ ပြေးမြင်မိတော့တယ်။ သူတို့ မောင်နှမသုံးယောက်ထဲမှာ သူက သမီးအကြီးဆုံးလည်းဖြစ်၊ တမြို့ထဲလည်းဖြစ်တော့ အမေဆီပဲပြေးပြီး ဒီလိုအပူကပ်နေကျလေ။ နှစ်သိန်းလောက်ကတော့ အမေရော အဖေရောက တတ်နိုင်မှန်း သူသိနေတော့ အဲဒီကိုပဲ သွားအပူကပ်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ ယောက်ျားပေးတဲ့ တစ်သိန်းနဲ့ နောက်ထပ်နှစ်သိန်းပေါင်းရင် မနှစ်တုန်းကစံချိန်တော့ ချိုးသွားနိုင်ပြီလေ။ တော်ပါသေးရဲ့ အမေက လျှောလျှောရှူရှူ ပေးလိုက်လို့။ ထုံးစံအတိုင်း အသုံးအဖြုန်းမကြီးဖို့၊ အိမ်ထောင်တစ်ခုမှာ ရှာတဲ့ယောက်ျားက ရှာနိုင်ပေမယ့် နောက်က အိမ်ရှင်မက မထိန်းသိမ်းတတ်ရင်လည်း တိုးတက်မှုမဖြစ်တတ်ကြောင်းတွေကို ဆုံးမလွှတ်လိုက်သေးတာ။ ကလေးတွေ ကျောင်းထားသမျှတော့ ဒီလိုပဲ တစ်နှစ်တစ်နှစ် ဟိုက လှည့်ကြံလိုက်ရ၊ ဒီကလှည့်ကြံလိုက်ရနဲ့။ သူ့ကိုဆို ကျောင်းကရော အဖွဲ့တွေကပါ ရှိတာထက် ပိုအထင်တကြီး ဖြစ်နေကြတာဆိုတော့လည်း မတတ်နိုင်တော့ဘူးပေါ့။ တကယ်တော့ ကျန်တဲ့သူတွေက သူ့လိုမှ မဟုတ်တာ။ သူ့ထက်သာသူတွေ ချည်း။ ဒီတော့ သူတို့ရှေ့မှာ မရှိစကား၊ အဆင်မပြေတဲ့စကား မပြောချင်တာတော့ အမှန်။ ဒီလို အမေ့ဆီ လာအပူကပ်တာတွေများ မာနခဲ ကိုမိုးသိသွားရင် မချောင်ဘူး။
ဒါကြောင့် အမေ့ဆီကလည်း ငွေယူသေး တစ်ဖက်ကလည်း နှုတ်ပိတ်ဖို့ကိုလည်း မှာခဲ့ရသေးတော့တာ။ ပြန်ခါနီးတော့ နားလည်ပေးတဲ့အမေ့ကို ရွှတ်ကနဲ တစ်ချက်နမ်းပစ်ခဲ့တယ်လေ။
ကိုယ့်ကလေး လူပျိုပေါက်အရွယ် ရောက်လာပြန်တော့လည်း သူတို့အဖွဲ့အချင်းချင်း ပြိုင်စရာတစ်မျိုး ပေါ်လာပြန်တယ်။ နွယ်တို့အိမ်မှာက ဟန်းဖုန်းတွေ ဟန်းဆက်တွေကလည်း ပိုနေလို့ သားကလည်း လူပျိုပေါက်လေးဖြစ်လာတော့ အဆက်အသွယ် မပြတ်ရအောင်ဆိုပြီး နွယ်က သူ့သားကို ဟန်းဖုန်းတစ်လုံး ပေးထားတယ်လေ။ အိမ်မှာဆို သူ့သားကြီးအတွက် လက်(ပ်)တော့ တစ်လုံး သမီးအငယ်အတွက်လည်း လက်(ပ်)တော့ တစ်လုံးတဲ့။ ဒီတော့ သူ့ကလေးတွေ ကွန်ပျူတာတို့ ဘာတို့ ကျွမ်းကျင်နေပြီ ဆိုလား။ သူကတော့ ကလေးတွေ ပူဆာလွန်းလို့ သားကြီးခြောက်တန်းလောက်က ကွန်ပျူတာတစ်လုံး ဝယ်ပေးထားတာကလွဲပြီး ဒါတွေလည်း နားမလည်တော့ ဘာမှ ထပ်မလုပ်ဖြစ်ခဲ့ဘူး။ အခု နွယ်တို့ မသင်းတို့ ပြောမှ ဒါတွေလည်း လိုအပ်တာကို သတိထားမိလာတာ။ ကလေးတွေကလည်း အိမ်ရောက်ရင် ပြန်ပြောလေ့ရှိတယ်။ သူ့သူငယ်ချင်းတွေမှာဆို PS2 ရှိကြောင်း၊ လက်(ပ်)တော့ထဲမှာ နောက်ဆုံးပေါ် Sim3 ဆော့ဖ်ဝဲ ထည့်ထားတဲ့အကြောင်း၊ ဟန်းဖုန်းနဲ့ သူငယ်ချင်းအချင်းချင်း ကျူရှင်ကိုရောက်မယ့်အချိန် ကြိုချိန်းကြကြောင်း စတာတွေပေါ့။ ဒီတော့သူလည်း သူ့ကလေးတွေ မျက်နှာမငယ်ရအောင် စားမေးပွဲမှာ အဆင့်ကောင်းရင် ဝယ်ပေးမယ်လို့ ကတိပေးလိုက်ရတာပေါ့။ တဖက်ကလည်း ဒီပစ္စည်းတွေရဲ့ တန်ကြေးကလည်း မနည်းတော့ သူ့အဖေကို စည်းရုံးရေးဆင်းပြီး ကြိုပြောထားရသေးတာလေ။ ဒီခေတ်က ကွန်ပျူတာခေတ်တို့ ဒါတွေမှ မထောက်ပံ့နိုင်ရင် ကိုယ့်ကလေးတွေက တော်ရက်နဲ့ သူများနောက်ကောက်ကျ ကျန်ခဲ့မှာတို့... သူက ဒီလိုချက်ကောင်းကို ကိုင်ပြီး အပြောကောင်းသွားတော့ ကိုမိုးကလည်း ဘယ်လက်နှေးမှာတုန်း။ PS2 နဲ့ PSP ဆိုတဲ့ စက်ကို တစ်လအရင်ဝယ်ပေး။ နောက်တစ်လခြားပြီးတာနဲ့ ကိုမိုးက သူ့မိတ်ဆွေဆိုင်ကနေ လက်(ပ်)တော့လေးတစ်လုံး ဝယ်ပေးရှာတယ်လေ။ ဒါပေမယ့် သားကြီးကိုတော့ ဟန်းဖုန်းဝယ်ပေးဖို့ မလိုအပ်ဘူးလို့ ယူဆပြီး ဝယ်မပေးခဲ့ဘူး။ ကိုမိုးအမြင်က ကလေးကို အဲလောက်မြှောက်စားရင် မကောင်းဘူးလို့ ယူဆတယ်လေ။ သူကတော့ နွယ့်သား သူ့ရှေ့မှာ ဖုန်းလေးထုတ်ပြီး စကားပြောပြောနေရင် သားကြီးကိုလည်း အဲဒီလိုလေး ဝယ်ပေးချင်စိတ် ပေါက်မိတယ်။ ကံကကောင်းချင်တော့ တစ်နေ့က အဖေနဲ့အမေကို သီတင်းကျွတ်သွားကန်တော့ကြတော့ အထွက်မှာ အမေက သူ့မြေးတွေကို ဘာလိုချင်လဲ မေးလိုက်တာ သားကြီးက မဆိုင်းမတွ ဟန်းဖုန်းလိုချင်တယ်လို့ ဖြေလိုက်တာလေ။ နောက်မနက်လည်းရောက်ရော အမေ့ဆီက ဖုန်းလာတယ်။ သူ့ကို အဖေက ဂေါက်ရိုက်သွားရင်း သာကြောင်းမာကြောင်းလောက်ပဲ သိချင်လို့ ပေးထားတဲ့ ဟန်းဖုန်းက တကယ်လည်း မသုံးဖြစ်ဘဲ အပိုလိုဖြစ်နေလို့ အဲဒါကို သူ့မြေးကိုဖြိုးကိုပဲ ပေးချင်ကြောင်း ဆက်ပြောတာလေ။ သူလည်း ဘယ်ငြင်းလိမ့်မှာတုန်း။ မဆိုင်းမတွပဲ နေ့လည်ကလေးတွေကို ထမင်းပို့ပြီး အပြန် ဝင်ယူလိုက်တယ်။ အခု သားကြီးက သူ့ပတ်ဝန်းကျင်က သူငယ်ချင်းတွေလို ဟန်းဖုန်းနဲ့ဘာနဲ့ ဖြစ်နေပြီလေ။ ကလေးက ပျော်တော့ စာမှာလည်း ပိုကြိုးစားမယ်လို့ သူကယူဆတယ်။ ဒါပေမယ့် ကိုမိုးကမကြိုက်တော့ သူ့အဖေရှေ့ မကိုင်မိဖို့ သားကို သတိပေးထားရတယ်။
“အမေ ဘာနားလည်လို့လဲ? သား အခု ကွန်ပျူတာနဲ့ သင်္ချာတွက်နေတာ။ စာလုပ်နေတာ၊ မျက်စိအနားပေးတဲ့အနေနဲ့ စိတ်ရွှင်သွားအောင် သင်္ချာနဲ့ဆိုင်တဲ့ ဂိမ်းလေး ခဏဖွင့်ဆော့နေတာ” ++++
ဆိုပြီး ဆင်ခြေအမျိုးမျိုး ပြန်ပြောလေ့ရှိလာတယ်လေ။ ဒါပေမယ့် သူလည်း အဲဒီလောက် မအပါဘူး။ ဒါတွေကိုပဲ ကိုင်လွန်းလာတော့ စက်တွေကို သိမ်းမယ်။ တစ်ပတ်ကို ငါးရက်ပဲ ထုတ်ပေးမယ်ဆိုပြီး စည်းကမ်းသတ်မှတ်ရတော့တယ်။ သူ့အဖေကို ပေးထားတဲ့ ကတိလည်း ရှိသေးဆိုတော့ အတန်းထဲမှာ အဆင့်ကျသွားလို့က လုံးဝမဖြစ်ဘူးလေ။ ဒီတော့ သားဖြစ်သူဘက်ကလည်း တမျိုးပညာပြလာပြန်တယ်။ အိမ်မှာမကစားရတော့ ကျူရှင်နားက ဂိမ်းဆိုင်မှာ ကျူရှင်စောဆင်းရင် ဝင်ကစားရတာနဲ့ ကျောင်းနားက ဂိမ်းဆိုင်မှာ ဝင်ကစားချင်လို့ ကျောင်းကို ခါတိုင်းထက် စောပို့ခိုင်း နောက်ကျမှ လာကြိုစေချင်ရတာနဲ့ ဖြစ်လာတယ်လေ။ သားကြီးလိုပဲ နွယ့်သားနဲ့ မသင်းသားတွေလည်း အခုရက်ပိုင်း ပြောရဆိုရခက်တယ်လို့ ညည်းလာကြတယ်။ သူတို့အဖွဲ့ထဲက ကျန်တဲ့သုံးယောက်က သမီးတွေ ဆိုတော့ သူတို့သုံးယောက်လောက် စိတ်ညစ်ရမယ် မထင်ပေမယ့် သူတို့သမီးတွေလည်း အပျိုလုပ်ချင်၊ အချိန်တိုင်း တိုးတိုး တိုးတိုးနဲ့ ပေးထားတဲ့ ဟန်းဖုန်းတွေနဲ့ပဲ အချိန်ကုန်နေကြတာလို့ ရင်ဖွင့်လာကြတယ်လေ။
“ကလေးတွေက မလွယ်ပါဘူး။ ကိုယ်က လိုလေသေးမရှိ အလိုလိုက်ထားမိတာကို မသိတတ်ကြဘူး”
ဘာ-ညာနဲ့ အချင်းချင်းတွေ့ရင် ရင်ဖွင့်မိကြတယ်။
“သြ မင်းအခု ဘယ်သွားမလို့လဲ? လာစမ်းပါအုံး။ မင်းကို မေးစရာရှိတယ်။”
“ကလေးတွေကို ထမင်းသွားပို့မလို့လေ။ ဘယ်လိုဖြစ်လာရတာလဲ အမောတကောနဲ့။ အုပ်ဆောင်းထဲမှာ ရှင့်ဖို့ အကုန်ပြင်ထားခဲ့ပြီးသား။ ဖွင့်စားလိုက်ရုံပဲ။”
ကိုမိုးက သူ့ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ရင်းက
“ဟင်း.... ပြင်ဆင်ထားလိုက်တာများ ကလေးနှစ်ယောက်အမေဆိုတာကို မေ့နေတယ်ထင်တယ်။ အပျိုရှုံးလို့။ ဒါကထားပါ။ အခု မင်း သားကြီးကို သူ့ကျူရှင်ဆရာက ကျူရှင်လစ်တာ များလာလို့ ငါ့ဖုန်းကို လှမ်းတိုင်တယ်လေ။ သူ့အမေမသိဘူးလားလို့ မေးတော့ မင်းကိုတိုင်တာ သုံးခါလောက်ရှိပြီ။ ဘာမှမထူးတာနဲ့ အဖေကို ဖုန်းဆက်လိုက်ရတာတဲ့။ သိပ်လွန်လာရင် အဲဒီကျူရှင်က ထုတ်ပစ်တတ်လို့ပါတဲ့။ ကဲ... မင်းဘာပြောမလဲ? ဒါတွေသိရက်နဲ့ ငါ့မပြောဘဲ ဘာလို့ အခုလိုဖုံးထားတာလဲ? ဟား.... ငါကတော့ ငါ့သားလေးတော်တယ်ဆိုပြီး ဆရာဝန်တွေ ဘာတွေတောင် မှန်းလို့။ တောက်... အခုဘယ်လိုဖြစ်တာလဲ? ငါ့ကို လင်းစမ်းပါဦး ဒေါ်ချိုရဲ့”
သူ ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့သွားရတယ်။ ကျူရှင်အပ်စဉ်က သူ့ဘော်ဒါတွေလည်း ပါတော့ သူတို့တွေလိုပဲ သူလည်း ရှိသမျှ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို တန်းစီ အမှုမဲ့အမှတ်မဲ့ ပေးထားခဲ့မိတာ အခု ဒုက္ခရောက်ပြီလေ။ သားကြီးကိုထားတဲ့ အဲဒီသချာင်္ကျူရှင်ဆရာက နာမည်ကြီး စည်းကမ်းကြီး။ ဟုတ်တယ်... သူ့ကိုတိုင်တာ သုံးခါလောက်ရှိပြီ။ သူလည်း သားကို သတိပေးပါတယ်။ ဟိုနေ့ကဆို ဆူတောင်ဆူလိုက်သေးတယ်။ သူဆူတာကို ဒီဘက်နားကဝင်ပြီး ဟိုဘက်က ပြန်ထွက်သွားခဲ့တာ နေမှာ။ အခု သူ့အဖေဆီအထိ အတိုင်ခံရပြီလေ။ ကိုမိုးက သူ့သားအပေါ် အရမ်းမျှော်လင့်ထားတာပေမယ့် သူ့သားက အခုကြီးလာမှ အခြေအနေမဟန်တာကို ကိုမိုးစိတ်ညစ်မှာစိုးလို့ သူဖွင့်မပြောသေးတာပါ။ ဆုံးမလို့လည်း ရမယ်လို့ သူထင်ခဲ့တာကိုး။ သူ့သားကိုကလည်း လွန်တာပါ။ ကျောင်းကပြန်ရောက်တာနဲ့ အိမ်မှာလွယ်အိတ်ချပြီး အိမ်နားက ဂိမ်းဆိုင်ကို ပြေးတော့တာ။ ကိုးတန်းအရွယ်လည်းဖြစ်တော့ နေရာတကာ ပြောရင်လည်း မကြိုက်ဘူး။ သူ့အကြောင်းပြချက်က အိမ်မှာ ဂိမ်းနှိပ်ရင် အမေက ပူညံပူညံနဲ့ ကစားရတာ ဖီးမရှိဘူးတဲ့လေ။ ဒီတော့ သူ့ဖက်ကလည်း မနိုင်မယ့်အတူတူ ဘယ်အချိန်ဆိုပြန်လာခဲ့ မပြန်လာရင် အဖေကိုလှမ်းတိုင်မယ်လို့ ချော့တမျိုး ခြောက်တမျိုးနဲ့ပဲ လွှတ်ထားလိုက်ရတော့တယ်။ ပြန်လာရမယ့်အချိန် လွန်ရင် သူ့ဆီပါသွားတဲ့ ဟန်းဖုန်း လှမ်းဆက်ပြီး ခေါ်ရတယ်။
“ခု လာခဲ့တော့ မင်းအဖေပြန်လာခါနီးပြီ။ သုံးနာရီရှိသွားပြီ။”
ဆိုပြီး ကျိတ်ကျိတ်လုပ်နေတာ ကြာပြီလေ။ အခု ဒင်းက ကျူရှင်လစ်တဲ့အဆင့်ကို ရောက်လာတာ။ ဒါပေမယ့် ကိုမိုးကိုတော့ ပေါ့ပေါ့တန်တန်ပဲ...
“ကိုမိုးရယ် စိတ်မပူပါနဲ့။ သားကြီးက ကွန်ပျူတာဂိမ်းဆော့တာကို ကလေးတစ်ယောက်လို မက်နေတာပါ။ ဘာမှမဖြစ်ပါဘူး။ အဆင့်တွေလည်း အများကြီး ကျသွားတာမှ မဟုတ်တာ။ အခုမှ ကိုးတန်းရှိသေးတာကို။ နောက်နှစ်ဆယ်တန်းရောက်ရင်တော့ ဒါတွေကို အကန့်အသတ်နဲ့ပဲ ဆော့ခိုင်းတာတို့ ချိုကိုယ်တိုင်း ကျူရှင်တို့ ကျောင်းတို့ လိုက်စောင့်တာတို့ လုပ်မှာပါ ကိုမိုးရဲ့။ သားကလည်း ဒီလို အကျိုးအကြောင်းနဲ့ပြောရင် နားလည်မှာပါ။”
သူ ပြီးစေ ပေါ့စေ ဆိုပြီးတော့ပဲ အခုလို တုံ့ပြန်လိုက်တော့တယ်။ ကိုမိုးဒေါသကို သူသိပြီး ဒီလိုဖြစ်ရင်လည်း သူက ကြောက်ရတယ်လေ။
“အေး... မင်းပြောလို့ ငါ ဒီတစ်ကြိမ်စောင့်ကြည့်လိုက်မယ်။ နောက်တစ်ခါ အခုလို အတိုင်ခံရရင် မင်းကော ဟိုကောင်ကော မလွယ်ဘူးသာ မှတ်ကြ”
သားကိုတော့ သူကျူရှင်လစ်တာ သူ့အဖေသိသွားတဲ့အကြောင်း အသိမပေးရဲသေးဘူး။ တော်ကြာ အဖေသိသွားပြီပဲ မထူးပါဘူး ဆိုပြီး ဖြစ်သွားမှာစိုးလို့လေ။ ဒီတော့ ကျူရှင်ကို သူကိုယ်တိုင်ပဲ မပြီးမချင်း ထိုင်စောင့်ရတော့တယ်။ သူ့မှာက ဒီသားကြောင့် ဖိအားတွေက များလာရပြီလေ။ သူကိုယ်တိုင်ကလည်း ကိုမိုးလိုပဲ ဒီသားကို ဆရာဝန်အဆင့်လောက်တော့ ဖြစ်စေချင်တယ်။
သူ့ ဘယ်ဖက် ပါးပြင် လည်ထွက်သွားပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်သွားတယ်။ အဲဒါထက်ပိုဆိုးတာက သူ့ကို အခုလို ရိုက်ရက်လို့ သူ့ရင်ထဲက စူးကနဲ မျက်ကနဲ ခံစားလိုက်ရတဲ့ ဝေဒနာပါ။
“ဟဲ့ ဟဲ့ သြော် နင်တို့ကလည်း အခုလို ဖြေရှင်းကြရမှာ မဟုတ်ဘဲ အေးအေးဆေးဆေး ဆွေးနွေးကြရမယ့်ဟာကိုဟယ်။ မောင်မိုး နင်ကလည်း တဆိတ်ရှိ ဒေါသကြီးပဲကွာ။ ဘယ်လိုဖြေရှင်းမယ်ဆိုတာကို မစဉ်းစားဘူး။ ခက်တော့တာပဲ။”
ယောက်မဖြစ်တဲ့ ကိုမိုးအစ်မဖြစ်သူက သူ့ရှေ့ကနေ ကာလိုက်ပြီး အခုလို အလန့်တကြား ဟန့်တားလိုက်ပေမယ့် သူ့ပါးပြင်တစ်ဖက်ကတော့ ကိုမိုးဒေါသကြောင့် ပူနွေးသွားခဲ့ရပြီလေ။ ကိုမိုးလက်ထဲက ဆေးစစ်ချက် စာရွက်အဖြေကိုပဲ သူ အကြောင်းမဲ့ ငေးစိုက်ကြည့်နေမိတယ်။ မျက်ရည်ကျချင်ပေမယ့် ကျလို့မရဘဲ တစ်ဆို့ကြီး ဖြစ်လို့လေ။ ဘေးနားက သားကြီးလည်း ခေါင်းငိုက်စိုက်ချပြီး အောက်ခံကြွေပြားအခင်းတွေကို အကြောင်းမဲ့ စိုက်ကြည့်နေလေရဲ့။ သူတို့နှစ်ယောက်လုံး အပြစ်ရှိသူတွေလို ခံစားနေကြရပြီလေ။ တကယ်တော့ သူ့အပြစ်လား? ခေတ်ကြောင့်လား? သူကပဲ ခေတ်ကို လိုက်မမီတာလား? သားကြီးကပဲ အမိုက်စော်ကားတာလား? လားပေါင်းများစွာနဲ့ သူ မဝေခွဲတတ်အောင် ဖြစ်နေရတယ်။ အဒေါ်ဖြစ်သူ သူ့ယောက်မလောက်တောင် မရိပ်မိရကောင်းလားလို့လည်း သူ့ကိုယ်သူ အပြစ်တင်မိပြန်တယ်လေ။ ဒါတောင် သူတို့ အသိစောလို့ ကံကောင်းတယ်။ အခုလို အဆင့်ဆိုရင်တော့ မခက်ခဲသေးဘူး။ ဝိုင်းဝန်းစောင့်ကြည့်ကြရင် ဖြေရှင်းလို့ ရပါသေးတယ်လို့ ဆရာဝန်ကြီးက နှစ်သိမ့်တယ်လေ။ ကိုမိုးကတော့ အိမ်ရောက်ရောက်ချင်း သူ့ကို ရိုက်ရုံတင်မက ဘယ်အချိန်ကတည်းက အောင်းထားတဲ့ စကားတွေမှန်းမသိဘဲ ဒေါနဲ့မောနဲ့ တရစပ် ပေါက်ကွဲပြီး ပြောနေတော့တယ်လေ။
“ငါ မင်းကို ဘာဝတ္တရားပျက်ကွက်ခဲ့လို့ မင်း ငါ့သားကို အခုလိုဖြစ်အောင် လုပ်ရတာလဲကွာ။ မင်းကို စောင့်ကြည့်နေတာကြာပြီ။ ကိုယ့်နဲ့ ဘဝမတူတဲ့သူတွေကို လိုက်ပြိုင်လိုက်အံတု ဘာမဟုတ်တဲ့ အပေါ်ယံ အလှအပတွေဖက် တရလွန်စိတ်ဝင်စား ကိုယ့်ကလေးတွေကျ ဘာဖြစ်နေမှန်းမသိ တရလွန်မြှောက်စား ထိန်းမနိုင်သိမ်းမရတွေဖြစ်၊ တောက်... ငါကွာ ပြောလိုက်ရ မကောင်းတော့ဘူး။ ငါကြားဖူးတာ ဆေးတို့ ဘာတို့ စွဲတယ်သုံးတယ် ဆိုတာ တက္ကသိုလ်တို့ ဘာတို့ ရောက်မှ။ အခုတော့ မင်းသောက်သုံးမကျလို့ အခုမှ လူပျိုဖြစ်ခါစ အထက်တန်းကျောင်းသားပဲ ရှိသေးတယ်။ ငါ့သားကျမှ လာဖြစ်ရတယ်လို့ကွာ... တောက် ငါ့မှာတော့ မျှော်လင့်လိုက်ရတာ ဒီသားကို။ ဆရာဝန်အဆင့်အထိ အရှက်မရှိ မှန်းလို့ ဟာကွာ...”
ပြောပြောဆိုဆို နံရံကို လက်သီးနဲ့ထုလိုထု လုပ်နေတော့ သူ့အစ်မကြီးက မနေသာတော့ဘဲ ဝင်ဆွဲပြီး...
“တော်ကြပါတော့ဟယ်။ မောင်မိုး နင်စိတ်လျှော့ပါဦးဟာ။ ကလေးက အဲဒီလောက် စိုးရိမ်ရတဲ့ အဆင့်မဟုတ်ပါဘူး။ ဝမှာစိုးလို့ ဝိတ်လျှော့ချင်လို့ဆိုပြီး ဝိတ်ကျတဲ့ဆေးမှတ်လို့ သူ တစ်ခါ နှစ်ခါပဲ သုံးလိုက်မိပါတယ်လို့ ဝန်ခံပြီးပြီလေ။ ဆရာဝန်ကိုယ်တိုင်က ဆီးစစ်တော့ သုံးတာသိပ်မများသေးဘူး မကြာသေးဘူးလို့ ပြောထားတာပဲဟာ။ ဒါတွေကို ရနိုင်တဲ့ ဂိမ်းဆိုင်တွေကို နောက်မလွှတ်ရင် ပြီးပြီပေါ့။ သားကြီး နင်ကလည်း ဒါတွေမကောင်းမှန်းသိနေပြီပဲ။ ဒီလိုနေရာတွေကို နောက်မသွားဖို့ ကတိပေးနော် သား.. မင်းက အခုမှ အညွန့်တလူလူနဲ့ ဆယ်ကျော်သက်လေး ဖြစ်ခါစ ရှိသေးတာ။ နောင် အများကြီး လူလုပ်ရဦးမှာ။ အခုကတည်းက မကောင်းတာကို မကောင်းမှန်းသိရင် ရှောင်နိုင်ရမှာပေါ့။ ကဲကဲ အခုအပြင်ခဏ ထွက်နေဦး။ အန်တီတို့ သားအတွက် အကောင်းဆုံးဖြစ်အောင် တိုင်ပင်ကြမလို့နော်။ သားကြီးက လိမ္မာပါတယ်။ အန်တီသားကို ယုံတယ်နော် ကဲ သွားသွား”
သားဖြစ်သူကလည်း သူ့အပြစ်နဲ့သူမို့ နေရခက်နေတုန်း အခုလိုပြောလိုက်တာနဲ့ လှစ်ကနဲ ထွက်သွားလေရဲ့။ သူ့မှာသာ ငိုမရတဲ့မျက်နှာနဲ့ ဆို့ပြီး ကိုမိုးနဲ့ သူအစ်မရှေ့မှာ တရားခံတစ်ယောက်လို ကျန်ခဲ့ရတယ်လေ။ ဒီလိုတွေဖြစ်လာဖို့ စပြီး ရိပ်မိ သတိထားမိတာကလည်း ကိုမိုး အစ်မကြီးပဲလေ။ သူက စာဖတ်များတော့ ဗဟုသုတအသင့်အတင့်ရှိ ထင်ပါရဲ့။ ကိုမိုးတို့မိဘတွေက သူ့မြေးတွေကို စုပြီး အလှူလုပ်ပေးတော့ သူ့ကလေးနှစ်ယောက်ကို အလှူရက်အတွင်း သူတို့ အဖိုးအဖွားတွေအိမ်ကို ညအိပ်ညနေပို့ထားရာက ဒီကိစ္စပေါ်လာရတာပေါ့။ သားကြီးကို ဒီပြင်အဒေါ်တွေထက် ကိုမိုးရဲ့ ဒုတိယအစ်မ အပျိုကြီးက ငယ်ကတည်းက အသည်းလေ။ ဒီတော့ အခုလိုကြုံတုန်း သူ့အခန်းထဲမှာပဲ တူဝရီးနှစ်ယောက် သုံးညလောက် အတူအိပ်ကြရာက အဒေါ်ဖြစ်သူက ရိပ်မိပြီး သူ့ကိုပြောတာ။ ပထမတော့ သူက မယုံသလို လက်လည်းမခံခဲ့ဘူး။ ဒီအပျိုကြီး ဒီပနီချဲ့တာပဲ နေမှာ။ အပြစ်မရှိ အပြစ်ရှာတာဆိုပြီး ကျိတ်စိတ်ဆိုးခဲ့သေးတာ။ နောက်တော့ သားကြီးမူပျက်တာ အအိပ်အနေနည်းပြီး ကြောင်တောင်တောင်ဖြစ်နေတာ၊ သူ့ကိုစကားပြောလိုက်ရင် အာရုံစူးစိုက်မှုမရှိဘဲ “ဗျာ... ခုန ဘာပြောလိုက်တာလဲ” ဆိုပြီး ဖြစ်နေတာတွေကို သူ့အဖေပါရိပ်မိလာတော့ သူ့အစ်မကြီးအကြံပေးသလို မူးယစ်ဆေးဆရာဝန်ကြီးဆီကို သားကြီးကို မလှိမ့်တပတ်နဲ့ ခေါ်သွားပြီး ဆီးစစ်ကြည့်လိုက်ရတာလေ။ အဖြေလည်းရရော အခုလိုတွေ ပေါက်ကွဲကုန်ကြတော့တာပေါ့။ သူလည်း အံ့သြဝမ်းနည်းဖြစ်ရတဲ့အပြင် မမျှော်လင့်ဘဲ သူ့ကိုလက်ဖျားနဲ့တောင် မတို့ဖူးတဲ့ ကိုမိုးက သားဇောနဲ့ ကိုယ်ထိလက်ရောက်ပါ ရိုက်ခံလိုက်ရတာလေ။ တကယ်လည်း သူက ဘာမှမဖြစ်နိုင်ဘူးထင်လို့ သူကိုယ်တိုင်လွှတ်ခဲ့မိတဲ့ ဂိမ်းဆိုင်ကနေ ဒီဆေးပြားဆိုလား စိတ်ကြွဆေးဆိုလား ရလာသုံးလာခဲ့တာလို့ သားကိုယ်တိုင် ဝန်ခံတော့မှ သူ့အပြစ်လည်း မကင်းဘူးလို့ သိလာရတယ်။ ရောက်နေတာက ဆယ်တန်း၊ သူ့အဖေက မှန်းနေတာက ဆရာဝန်လိုင်း အခုဖြစ်နေတာက သူဘယ်လိုမှ မျှော်လင့်မထားတဲ့အရာ ဆိုတော့ သူတို့တွေပြောကြဆိုကြ အပြစ်တင်ကြတာတွေကို သူ အ,အ တစ်ယောက်လိုပဲ နှုတ်ဆွံ့ပြီး ကြောင်ကြည့်နေလိုက်မိတော့တယ်။ လိုက်မမီတဲ့ လောကကြီးကိုလည်း သူ အံ့သြတကြီး ဖြစ်နေတာလည်း ပါပါတယ်။
*****@@@*****
သားကြီးဆယ်တန်းတစ်နှစ်လုံး သူတို့တတွေ (ကိုမိုးအစ်မ အပျိုကြီးပါ ပါတာပေါ့) အပင်ပန်းခံ အချိန်ပေးပြီး မျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်၊ ကျူရှင်တွေ ကျောင်းတွေကိုလိုက်ပို့၊ လိုအပ်တာတွေ ထောက်ပံ့နဲ့ ကြိုးစားခဲ့ကြတာ ဘာပဲပြောပြော သားကြီးက ဆယ်တန်းဆိုတဲ့ တောင်ကြီးကို ဂုဏ်ထူးတစ်ခုနဲ့ အောင်ခဲ့ပြီလေ။ သူတို့ဖြစ်စေချင်တဲ့ ဆေးလိုင်းတော့ မဝင်ခဲ့ပေမယ့် အဆိုးထဲက အကောင်း အခုလို နှစ်ချင်းပေါက်အောင်တာကိုပဲ သူ့အဒေါ်က ကြံဖန်ကျေနပ်နေရှာတယ်။ ကိုမိုးကတော့ ဒီကိစ္စပေါ်လာပြီးကတည်းက သူ့ကို စကားကောင်းကောင်းမပြောတော့ဘဲ နေနေခဲ့တာ။ သူလည်း ဘာမှ အတွန့်မတက်ရဲဘဲ ကိုမိုးလိုအပ်တာတွေကို ထုံးစံအတိုင်း အသံတိတ်လုပ်ဆောင်ပေးရင်း သားကြီး စာမေးပွဲအတွက် တစ်နှစ်လုံး အချိန်ပေးခဲ့ရတယ်။ မုန်တိုင်းစဲတဲ့အချိန်ဆိုပေမယ့် နွေးထွေးမှုမရှိတဲ့ တိတ်ဆိတ်မှု တွေနဲ့အတူ သူ ကျိတ်ပြီး ကြေကွဲခဲ့ရတာက ညအိပ်ချိန်တွေမှာပေါ့။ တစ်နေ့တော့ သူ့ကို စကားကောင်းကောင်းမပြောတာ ကြာပြီဖြစ်တဲ့ ကိုမိုးက...
“မင်းသား အခုဆယ်တန်းအောင်ပေမယ့် ငါတို့ မှန်းတဲ့ ဆေးလိုင်းလည်းမရတော့ ငါအခု စိတ်ကူးတစ်ခုပြောင်းလိုက်တယ်။ အဲဒါ မင်းကို အသိပေးချင်လို့။ မင်း ငါ့အစ်ကို ကိုသီဟန်ကို သိတယ်မဟုတ်လား။ အင်္ဂလန်ကလေ အခု သူက ဟိုမှာ ရှေ့နေဘွဲ့ယူပြီး အလုပ်အဆင်ပြေနေတာ။ အဲဒါ တလောက သူအလည်ပြန်လာတုန်း သားကြီးကိစ္စ ဖွင့်တိုင်ပင်မိတော့ သူ့ဆီပို့ဖို့ အကြံပေးတယ်။ ဟိုမှာပဲ ကျောင်းတက်။ ကျောင်းတက်ရင်း အလုပ်တစ်ဖက်လုပ် သူ့ဆီမှာ ရောက်စ နှစ်နှစ်လောက်အထိ အခြေမကျသေးခင်တော့ အလကားနေခွင့် ပေးမယ်တဲ့လေ။ လူငယ်တွေ အထူးသဖြင့် ဆယ်ကျော်သက်တွေက မိဝေးဖဝေးနဲ့ ပညာရေးမှာလည်း တကယ်ကြိုးစားမှ ငွေဆိုလည်း ကိုယ်တိုင်ရှာလို့ရတဲ့ငွေကိုမှ ပိုပြီးတန်ဖိုးထားတတ်ကြတာက သဘာဝပဲ။ ဒီမှာက အားကိုးစရာ ငါတို့ရှိနေတော့ တက္ကသိုလ်ရောက်လည်း မင်းသားက အခုလို ပေါ့ပေါ့နေ ပေါ့ပေါ့စား သူ့ကိုယ်သူ အားကိုးချင်စိတ် ပျိုးထောင်ချင်စိတ်က ရှိလာနိုင်မှာ မဟုတ်ဘူးလို့ သူ့ဦးလေးက တွက်ပြတယ်။ ငါ အစက ငါ့သားသမီးတွေနဲ့ မင်းရောပေါ့ မိသားစု အတူတူပဲ နေချင်ခဲ့တာ။ ဒါပေမယ့် ငါတို့ မနှစ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ လူငယ်တွေ ရင့်ကျက်လာဖို့ အရွယ်ရောက်လာရင် အခုလို လက်လွှတ်သင့်ရင် လွှတ်ရမှာပဲဆိုတဲ့ ကိုသီဟန်ရဲ့အကြံကို ငါလက်ခံလာတယ်။ အဓိကက ငါတို့ပို့ပေး တင်ပေးလိုက်တဲ့ လမ်းကြောင်းက သူတို့အတွက် လမ်းမှန်ဖြစ်နေဖို့ပဲ ဆိုတာကို ငါသဘောတူလာတယ်။ သူ ပညာစုံမှ ရင့်ကျက်လာမှ ဒီကိုပြန်လာချင်လာ ဟိုမှာအဆင်ပြေနေရင်လည်း သူကောင်းနေ အဆင်ပြေနေတာပဲလို့ဖြေပြီး ငါ့စိတ်ကူးကို ပြင်လိုက်တယ်ကွာ။ အဲဒါအတွက် မင်းသားက အခုဆယ်တန်းအောင်လက်မှတ် ရှိပြီးသားဆိုတော့ အင်္ဂလိပ်စာအတွက်စစ်တဲ့ စာမေးပွဲဆိုလား အဲဒါပဲလိုတယ်လို့ ကိုသီဟန်ကပြောတယ်။ အဲဒါ မင်းစုံစမ်းပြီး ကလေးကို အမှတ်ကောင်းအောင် ပြင်ပေးထားလိုက်။ ငါ သူ့ကို ခေါ်မေးပြီးပြီ။ သွားချင်လားလို့။ သူကလည်း သွားမယ်လို့ သဘောတူးတယ်။ ချို... မင်းနဲ့ငါ အရင်လိုပဲ နွေးနွေးထွေးထွေး တိုင်တိုင်ပင်ပင် ပြန်နေကြပြီး ငါတို့ သား သမီးတွေအတွက် အမှန်အကန်ဆုံးထင်မယ့် လမ်းကို ရွေးပေးကြရအောင်ကွာ နော်”
ကိုမိုးက ပြောလည်းပြော သူ့လက်နှစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီးပြောလာတော့ သူ့သားကြီးနဲ့ မခွဲချင်ပေမယ့် ထုံးစံအတိုင်း ကိုမိုးဆန္ဒကို လိုက်လျောမိလိုက်တော့တယ်။ အတိုင်းမသိ ဒလဟောပြိုကျလာတဲ့ မျက်ရည်တွေနဲ့အတူလေ။ ကိုမိုး သူ့ကို ကြင်ကြင်နာနာနဲ့ ပွေ့ဖက်ပြီး မျက်ရည်လေးတွေ သုတ်ပေးရှာပါတယ်။
သူ ခြေဖျားလေးထောက်ပြီးတော့ ပါးပြင်ပေါ်မှာ ကျန်နေတဲ့ မျက်ရည်နှစ်စက်ကို တစ်ရှူးနဲ့ လှမ်းသုတ်ပေးလိုက်ပြီး သူ့ကို ရက်ရက်စက်စက် ရိုက်ရက်ခဲ့တဲ့ လက်ဖဝါးပြင်ကြမ်းကြမ်းနှစ်ဖက်ကို ဆုပ်ကိုင်ဖျစ်လိုက်ရင်းက အားပေးပြုံးလေး ပြုံးပြလိုက်မိတော့တယ်။ ဒီနေ့ သားကြီး လန်ဒန်ကို ကျောင်းတက်ဖို့ ထွက်ခွာသွားတဲ့နေ့လေ။ တကယ်တမ်း ထွက်ခွာသွားတော့ သူက အားရအောင် နေ့တိုင်းကျိတ်ငိုခဲ့ရလို့ ထင်တယ် မျက်ရည်မကျမိဘဲ တချိန်လုံး မျက်ရည်တစက်မကျဘဲ ကျားကျားလျားလျား ဒေါသတကြီးနေလာခဲ့တဲ့ ကိုမိုးက အခုလိုမျက်ရည်ကျတာကို မြင်လိုက်ရတော့ ကိုမိုးရဲ့ သားအပေါ်ထားတဲ့ မေတ္တာအတိမ်အနက်ကို ပိုပြီး နားလည်လိုက်မိတယ်။ သားဆီက ဖုန်းဆက်လာရင် ဒီအကြောင်းပြောပြရဦးမယ်လေ။ ဒါမှ သားကြီး ဟိုမှာ ပိုကြိုးစားအောင်ပေါ့။ ဘာပဲပြောပြော သူတို့မိသားစုလေး ဥကွဲခဲ့ပေမယ့် အသိုက်မပျက်ခဲ့တာကိုတော့ လောကကြီးကို သူ ကြံဖန် ကျေးဇူးတင်နေမိပါတော့တယ်။
ရေညှိတက်သွားတဲ့ စိတ်ကူး
ကျွန်တော် ရှစ်တန်းကျောင်းသား ကတည်းက ဒီသတင်းလေးတွေ တွေ့ရင် အမေ က အလုပ်လုပ်ရာက အပြေးလေး လာလာပြီး `ငါ့သား ကြည့်စမ်း။ ဘယ်လောက်ဂုဏ်ယူဖို့ ကောင်းလဲ၊ အမေ လည်း သား ဆယ်တန်း အောင်ရင် ဒီလိုလေး ထည့်ချင်လိုက်တာ။ ဒါကြောင့် ကြိုးစားစမ်းပါ သားရယ်’လို့ပြောပြီး အားကျအောင် ဇွတ်ဖတ်ခိုင်းလေ့ရှိတယ်။ ကျွန်တော် ကိုးတန်းအောင်တော့ ဇာတိ ပခုက္ကူ မြို့မှာ မထားဘဲ မန္တလေးမြို့က နာမည်ကြီး သင်တန်းတစ်ခုကို ပို့ဖို့ စီစဉ်တယ်။
အဖေက လည်း `ငါတို့မှာ ဒီသားလေးတစ်ယောက်တည်း ရှိတာ။ ပညာရေးနဲ့ပတ်သက်ပြီး အားပေးရမှာပဲ။ ဘယ်လောက်ကုန်ကုန်’ ဆိုတဲ့အစားထဲက။
ဒါနဲ့ပဲ ကျွန်တော် ဆယ်တန်းမှာ မန္တလေးမြို့ကို စရောက်ခဲ့ရတယ်။ အဆောင်မှာ ကျွန်တော့်ကို ကျောင်းအပ်အပြီး အမေတို့ ပြန်မယ်လုပ်တော့ တစ်ခါမှ မခွဲဖူးတဲ့ ကျွန်တော် ဘယ်စိတ် ကောင်းမလဲ။ အမေ့ကို တစ်ပတ်တစ်ခါလောက် လာတွေ့ဖို့ မှာမိတယ်။
“သားကို အမေလည်း မခွဲချင်ပါဘူး။ ဒါပေမယ့် သားလေးကို အမှတ်ကောင်းကောင်း ဂုဏ်ထူးတွေ အများကြီးနဲ့အောင်စေချင်လို့၊ ပညာ တတ်ကြီးဖြစ်စေချင်လို့ အခုလို ထားခဲ့ရတာပါ။ သား စာတွေ ကြိုးစားနော်။ လိုတာရှိရင် ဖုန်းဆက်ပြီး ချက်ချင်းပြောလိုက်၊ အမေ ချက်ချင်း လာပို့ပေးမယ်”
အဖေကတော့..“အဆောင်ဆိုတာက အိမ်နဲ့ မတူဘူး။ အချိန်နဲ့ သူ့စည်းမျဉ်းစည်းကမ်းအတိုင်း အများ လုပ်သလို လုပ်ရတာ။ ငါ့သားကို ဒီအတွေ့ အကြုံတွေ ရစေချင်တယ်။ ဒါကြောင့် သည်းခံ ကြိုးစားပြီးနေရမယ်။ ဒါမှယောကျာ်းကွ”လို့ အားပေးရှာတယ်။
ကျွန်တော် အဖေရော အမေကိုပါ ချစ်တယ်။ သူတို့ဖြစ်စေချင်တဲ့ဆန္ဒကို ပြည့်စေချင် တယ်။ ဒါကြောင့် ကျွန်တော် မပျော်တဲ့အဆောင်မှာ ကျိတ်မှိတ်သည်းခံပြီး နေခဲ့ပါတယ်။ အဆောင်မှာက ကျွန်တော်တို့လို တစ်နယ်တစ်ကျေးက လာတက်ကြတဲ့သူတွေ ရှိသလို ဒီမြို့ပေါ်ကပဲ မိဘနဲ့ ခွဲပြီး ညအိပ်ညနေ လာတက်ကြတာတွေလည်း ရှိတော့ ကျွန်တော့် အနေနဲ့ ဖြေသာပါတယ်။ အဲဒီမှာ ဝေလင်း၊ ငယ်မိုးနဲ့ နှင်းအိဆိုတဲ့ သူငယ်ချင်းအသစ်တွေ ရလာခဲ့တယ်။
ကျွန်တော် အဲဒီလိုထည့်တာကို ရှက်တော့ ရှက်ပေမယ့် အမေ့ကိုလည်း မတားရက်တာနဲ့ မတားတော့ပါဘူး။ သတင်းစာထဲမှာ ကျွန်တော် ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်တဲ့အကြောင်း ပါလာတော့ အမေ့ဆွေမျိုးတွေက မသိချင်ယောင် ဆောင်လို့ မရတော့ဘူးပေါ့။
“မြင့်မြင့်ဦးရယ် ဝမ်းသာလိုက်တာ။ ဘာသာစုံ ဂုဏ်ထူးဆိုတော့ ဆရာဝန် လိုင်းရမှာ ပေါ့နော်။ ငါတို့အမျိုးထဲမှာ ဆရာဝန်ဆိုတာ ရှိပြီပေါ့။ ဘယ်ကျောင်းက အောင်တာလဲ။ ဆေး ကျောင်းရရင်ရော ဘယ်မှာ ထားမှာလဲ” စသဖြင့် စုံလို့ မေးကြ၊ မြန်းကြ၊ စပ်စုကြနဲ့။
အဖေနဲ့ အမေက သမိုင်းအဓိက ဘီအေဘွဲ့ပဲ ရထားကြပြီး စီးပွားရေးသမားတွေလေ။ မျိုးရိုး ကလည်း ရိုးရိုးဘွဲ့ရပြီး ကုန်ရောင်းကုန်ဝယ်ပဲ လုပ်ကြတဲ့မျိုးရိုး။ ဒီထဲမှာ ကျွန်တော်က ဘာသာ စုံ ဂုဏ်ထူးနဲ့ အောင်တယ် ဆိုတော့ သူတို့မြို့ အတွက်ရော၊ ဆွေမျိုးတွေ အတွက်ရော ဂုဏ်ယူ ကြရှာတာပေါ့။ ဘာပဲပြောပြော ၂၀ဝ၀ ပြည့်လွန်နှစ် မန္တလေးမြို့ရဲ့ယဉ်ကျေးမှု စာမျက်နှာ မှာတော့ ကျွန်တော်တို့ မိသားစုလေးလည်း ပါဝင်ခွင့် ရသွားခဲ့ပါပြီ။
အမေဆိုတာ ပျော်နေလိုက်တာ။
“အဖေရေ... ကျုပ်သား ကျောင်းပြီးလို့ ဆရာဝန်ဖြစ်ရင် ကျုပ်တို့အိမ်ရှေ့က ပွဲရုံတောင် ဘက်ခြမ်းက အခန်းကို အပျံစားပြင်ပြီး ဆေးခန်းလေး လုပ်ပေးကြရအောင်နော်”
“မင့်သားက အခုမှ အမှတ်စာရင်းပဲ ထွက် သေးတာပါကွာ။ သူများကြားရင် ရှက်စရာကြီး။ တကယ်ဖြစ်လာမှ မင်းပြောသလို လုပ်ကြတာ ပေါ့”
အဖေရော အမေရော တစ်ယောက်ရဲ့ အပျော်ကျူး စိတ်ကူးယဉ်မှုတွေကို တစ်ယောက် က သတိပေး ဘရိတ်အုပ်ရင်း သိသိသာသာ တစ်မျိုး၊ မသိမသာတစ်ဖုံ ကျွန်တော့်အတွက် ဝမ်းသာနေ လိုက်ကြတာလေ။ ကျွန်တော်တို့မြို့ က မကွေး ဆေးတက္ကသိုလ် နဲ့ သိပ်မဝေးပေမဲ့ ကျွန်တော် ဆယ်တန်း ဖြေခဲ့တာက မန္တလေးမှာ ဆိုတော့ မန္တလေးဆေး တက္ကသိုလ်ကိုပဲ ဆက် တက်ဖို့ အမေတို့က သဘောတူတယ်။ ကျွန်တော်ကလည်း မန္တလေးမှာပဲ တက်ချင်ခဲ့တာ။ အဲဒီမှာက နှင်းအိ ရှိတယ်လေ။ နှင်းအိက နှစ်ဘာသာ ဂုဏ်ထူးမို့ ဆေးတက္ကသိုလ် တက်ခွင့် မရပေမယ့် မန္တလေးသူဆိုတော့ အဲဒီမှာ ရှိနေ၊ တွေ့နေရမှာပဲ။ သူ့ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာလည်း ရှိတော့ ဆက်သွယ်လို့ လွယ်တယ်။
“နင် စာမေးပွဲအောင်တော့ နင့်အိမ်က ဘယ်လိုဂုဏ်ပြုလဲ။ ငါ့ကိုတော့ အိမ်က ဟန်းဖုန်းချက်ချင်း ဝယ်ပေးတယ်ဗျ။ နောက်ဆို ဒီလိုင်းဖုန်း မဆက်နဲ့တော့။ ငါ့ဟန်းဖုန်းကိုပဲ ဆက်လိုက်နော်”
နှင်းအိဆီက ဒီစကား ကြားပြီး တော့ ကျွန်တော်လည်း အိမ်ကို တစ်ခုခုပူဆာဖို့ ဆုံး ဖြတ်လိုက်တယ်။
ကျွန်တော် သိပ်စီးချင်တဲ့ ဆိုင်ကယ်ကော့ကြီး ဝယ်ပေးဖို့။ အမေက တစ်မြို့ တစ်ရွာမှာ ကျောင်းသွားတက်မှာ ဆိုင်ကယ်နဲ့ စိတ်မချလို့ လက်ရှိအမေတို့စီးနေတဲ့ စူပါဆလွန်း ကို ပေးလိုက်မယ့်အကြောင်း၊ အမေတို့ကတော့ ဆန်နီ တစ်ပတ်ရစ်လေး တစ်စီး ထပ်ဝယ်မယ့် အကြောင်း ပြောပြတယ်။
“လိုတာတွေ အားလုံး ထည့်ပြီးကြပြီ လား။ ဘာတွေ လိုသေးလဲ။ ဒီမှာ ငါ့မိတ်ဆွေ တစ်ယောက်က ရောင်းလို့ ဟန်းဖုန်း ဝယ်လာ ခဲ့တယ်။ အိမ်မှာက လိုင်းဖုန်းရှိနေတော့ အဲဒါ မင်း ယူသွားလိုက်။ ငါတို့လည်း အချိန်မရွေး မင်းနဲ့ ဆက်သွယ်လို့ရတာပေါ့”
အဖေ့စကားကြောင့် အမေက ပိုပျော်သွားပုံ ရတယ်။
“ကျေးဇူးတင်လိုက်တာ ကိုလွင်ဦးရယ်။ ကျုပ်တောင် ရှင့်ကို အကြံပေးမလို့။ ကဲသား အခု အမေတို့ဘက်က သားအတွက် အားလုံး လိုလေသေးမရှိ လုပ်ပေးလိုက်တယ်။ သားဘက် က စာပဲကြိုးစားပြီး ဆရာဝန်ကြီးဖြစ်အောင် လုပ်ဖို့ပဲနော်။ ဆေးလိပ်လည်း မသောက်မိစေနဲ့။ အရက်လည်း မသောက်မိစေနဲ့။ မင်းအဖေဆို တွေ့လား၊ အသောက်အစားကင်းတယ်၊ ကွမ်း ပဲစားတတ်တာ။ ငါ့သားက သူ့ထက်သာအောင် ကွမ်းပါ မစားနဲ့”
မန္တလေးကို မသွားခင် ကျွန်တော့် အခန်းထဲမှာ အလှပေး ထားတဲ့ Lucky Fish ငါးကန်ကြီးကို အပြီး သတ်ဆေး ခဲ့တယ်။
ပြီးတော့ ကျွန်တော့် ဘော်ဒါ ငါးကြီးကိုလည်း `မင်း ကောင်းကောင်း နေခဲ့နော်။ မင်းအတွက် အစာကို အမေ ဆက်ကျွေး လိမ့်မယ်။ အမေတို့ကိုလည်း စီးပွား တိုးအောင်၊ အန္တရယ်ကင်း အောင် စောင့်ရှောက် လိုက်ဦး’ လို့ မှာခဲ့ရ သေးတယ်။ အမေ့ကိုလည်း ဒီကောင်ကြီး ကြိုက်တဲ့ ပုစွန်ဆိတ် အရှင်လေး တွေ ကျွေးဖို့ မမေ့ပါနဲ့ လို့ ပြောလိုက်တယ်။ ကျွန်တော် ကိုးတန်းအောင် တုန်းက အဖေ အမှတ်တရဝယ် ပေးထားတဲ့ သိန်းဆယ်ချီတန်တဲ့ ဒီငါးကြီးအတွက် ကျွန်တော် စိတ်မချဖြစ် နေတာလေ။
မန္တလေးမှာ ကျောင်းတက်ဖို့ရောက်တော့ ကျွန်တော် တက်ရမယ့် လမ်း ၃၀ ပေါ်က ဆေးတက္ကသိုလ်နဲ့ သိပ်မဝေးလှတဲ့ ရွှေလှံရပ်ထဲ က အမေ့အစ်မအိမ်မှာ နေဖြစ်သွားတယ်။ ကြီးမေတို့အိမ်က ခြံပြည့်ဝင်းပြည့်အိမ်ဆိုတော့ အိမ်ရှေ့တံခါး တွန်းဖွင့်လိုက်တာနဲ့ လမ်းဘေး ပလက်ဖောင်းပေါ် ရောက်သွားတယ်။ နံနက် စောစော ကျုံးဘက်ကို လမ်းထွက်လျှောက်ရရင် ကောင်းမှာပဲလို့ စဉ်းစားနေတုန်း“ဟိတ် နင် ရန်နောင် မဟုတ်လား။ ဘယ်လိုလုပ် ဒီရောက်နေတာလဲ” ကျွန်တော် လှည့်ကြည့်လိုက်တော့ နှင်းအိ ဖြစ်နေတာကို တွေ့ရတယ်။
“ဟာ... နှင်းအိ နင်ကရော။ ငါက ဒီ အိမ်မှာ နေမှာလေ။ ကျောင်းလာတက်တာ”
“ဟုတ်လား။ နင်က ကြီးမေတို့နဲ့ ဘာတော်တာလဲ။ ဟိုဘက်က တိုက်အစိမ်းလေး က ငါတို့အိမ်လေ”
“ငါက ကြီးမေရဲ့တူလေ။ ဝမ်းသာလိုက် တာဟာ။ နင်တို့အိမ်နဲ့ ငါနေမယ့်အိမ်က နီးနီး လေး။ ငါတောင် ဒီရောက်နေ တဲ့အကြောင်း နင့် ဆီ ဖုန်းဆက် မလို့။ အခု လမ်းလျှောက် မလို့ လား ငါလည်း လိုက်ခဲ့မယ် လေ”
မမျှော်လင့်ဘဲ ကျွန်တော်နဲ့ နှင်းအိတို့ လမ်း အတူတူ လျှောက်ဖြစ် သွားကြတယ်။ နှင်းအိက မနက်တိုင်း လမ်းလျှောက် နေကျတဲ့။ ကျွန်တော့် ကို နေ့တိုင်း သူနဲ့အတူ လမ်းလျှောက်ပါလား လို့ အဖော်စပ် နေတယ်။
ကျွန်တော်လည်း မန္တလေးကျုံးဘေး လမ်းလျှောက်ရ တဲ့အရသာ ကို ခံစားကြည့်ချင်တာရော နှင်းအိနဲ့ အရုဏ်ဦး အချိန်မှာ စကား တွေ ပြောချင်တာ ရောကြောင့် လက်ခံလိုက်တယ်။ ကျွန်တော် သူနဲ့ လမ်း လျှောက်ရင်း ရေမြောင်းနား အရောက်မှာ ကျွန်တော့် ခါးကြားက ဖုန်းမြည်လာ တယ်။ ကြီးမေဆီကပါ။ မပြောမဆိုနဲ့ ပျောက်သွားလို့ စိတ်ပူပြီး ဆက်တာတဲ့လေ။ နှင်းအိနဲ့ လမ်း လျှောက်နေတာ သိတော့မှ မြန်မြန်ပြန်ခဲ့ဖို့ပြောပြီး ဖုန်းချသွားတယ်။
ကျောင်းရောက်တော့ ၇၄ လမ်းဘက်က မဝင်မိ ကြဘဲ လမ်း ၃၀ ရှေ့မျက်နှာစာဘက်က ဝင်ခဲ့ မိကြတယ်။ ကိုယ်က စောလှပြီမှတ်နေတာ။ ကျောင်းထဲဝင်လိုက်တာနဲ့ ကိုယ့်ထက် အရင် ရောက်နှင့်နေသူတွေက အပုံကြီး။ တချို့က တက်ရမယ့်အခန်းတွေ လိုက်ရှာနေကြတယ်။ တချို့တွေကလည်း ကိုယ့်အဖွဲ့နဲ့ကိုယ် ရပ်စကား ပြောနေကြတယ်။ ကျွန်တော်တို့တော့ ဟို တစ်နေ့ကတည်းက နှင်းအိအဒေါ်ပြထားလို့ ဘယ်အခန်းတက်ရမယ်ဆိုတာ သိပြီးသား။
အတန်းချိန်ရောက်ဖို့ ၄၅ မိနစ်လောက်လည်း လိုသေးတာနဲ့ ကျွန်တော်ရယ်၊ ငယ်မိုးရယ်ရှေ့ မျက်နှာစာအဝင်ဝက
`ဆေးတက္ကသိုလ်- မန္တလေး’ လို့ရေးထားတဲ့ ရှေ့မှာ ယောင်လည်လည် လုပ်နေကြတယ်။ ဆိုင်ထဲမှာ ကျောင်းသူကျောင်းသားတွေနဲ့ ပြည့်လို့။ နေရာလွတ်ကို မနည်းရှာယူ ရတယ်။ ဆိုင်မှာ ထိုင်နေတုန်း အမေ့ဆီက ဖုန်းလာ တယ်။ အခု ကျောင်းမှာ အတန်းချိန် မရောက်သေးလို့ မနက်စာ စားရင်း စောင့်နေတဲ့ အကြောင်း ပြောပြလိုက်ရတယ်။
အတန်းမလစ်မိစေဖို့ရယ်၊ လိမ္မာဖို့ရယ် ထပ်မှာ နေတယ်။ ကျွန်တော်က စိတ်ချဖို့ပြောပြီး ဖုန်းချ လိုက်တယ်။ ကျွန်တော် အမေနဲ့ ဖုန်းပြောအပြီး ဘာရယ်မဟုတ် မျက်နှာချင်းဆိုင်က စားပွဲကို အကြည့်ရောက်သွားတော့ ရှိုးကျကျဝတ်စား ထားတဲ့အစ်ကိုကြီးတစ်ယောက်က ကျွန်တော်နဲ့ အကြည့်ချင်းဆုံသွားလို့ ထင်တယ်။ ခေါင်းညိတ် ပြီးတော့ကို ရင်းရင်းနှီးနှီး ပြုံးပြတယ်။ ကျွန်တော် ဇဝေဇဝါ ဖြစ်သွားတယ်။ ကြောင် အမ်းအမ်းနဲ့ ပြန်ပြုံးပြလိုက်မိတယ် ထင်ပါရဲ့။ ငယ်မိုးကတော့ တစ်ဖက်ဝိုင်းက ကောင်မလေး တွေဆီ မျက်လုံးရောက်နေလေရဲ့။ ခဏနေတော့ ကျွန်တော်တို့နှစ်ယောက် ပိုက်ဆံရှင်းပြီး အတန်းတက်ဖို့ ထွက်လာခဲ့ကြတယ်။
ကျောင်းတက်တာ သုံးလလောက်နေတော့ ကျွန်တော်နဲ့ ငယ်မိုး ကျောင်းပါးဝလာ တတ်ပြီလေ။ ဖွင့်စနေ့က အတန်းချိန်မီအောင် စောစောသွား၊ အတန်းထဲမှာ ဆရာမဝင်ခင် ကြိုထိုင်နှင့် ရာက အခု မိုင်နာအချိန်တွေဆိုရင် လစ်တတ်လာပြီ။ ကျွန်တော်နဲ့ ငယ်မိုး နှစ်ယောက်တည်း အဖွဲ့ကနေ အခု ဇော်ပိုင်၊ အောင်နိုင်ဝင်း၊ မြင့်သူ၊ ဟိန်းထက်ဆိုတဲ့ ခြောက်ယောက်အဖွဲ့ဖြစ်လာပြီ။ တစ်ခါတလေ ကျွန်တော်တို့ ခြောက်ယောက်စု ပြီး ကိုယ်စိတ်ဝင်စားတဲ့ကောင်မလေးတွေရဲ့ အိမ်တွေကို ကျွန်တော့်ကားနဲ့ နောက်ကနေ လိုက်ကြည့်ကြရတာကလည်း ဖီလင်တစ်မျိုး ပေါ့။ တစ်ခါတလေကျ ဆိုင်ကယ်တွေနဲ့။ ရောက်စက အမေ့ဆီက ဖုန်းလာရင် သိပ် ပျော်တယ်။ အမေ့ကို သိပ်သတိရတယ်။ ကျွန်တော့်ငါးကြီးကိုလည်း သတိရတာပဲ။ အခု တော့ အမေမကြိုက်တဲ့ ကျောင်းလစ်တတ် နေပြီ မို့ အမေ့ဆီက ဖုန်းလာရင် မလုံမလဲ။ ဒါပေမယ့် ကျွန်တော် ဆေးလိပ်မသောက်တတ်ဘူး။ အရက်လည်း မကြိုက်ဘူး။ အဖေ့သားမို့ ဒါမျိုး တွေကို ကြိုက်လို့ကို မရတာနေမှာ။
ကျွန်တော်တို့ ကျောင်းနားမှာက နှင်းအိ ထက် စိတ်ဝင်စားစရာကောင်းတာတွေ အပုံကြီး လေ။ အင်တာနက်သုံးပြီး chatting ထဲမှာ ကောင်မလေးတွေနဲ့ ကြည်မလား၊ computer game ဆော့ချင်သလား၊ ဘိလိယက်စနူကာဆိုင် ဝင်ပြီး နည်းပြကောင်မလေး တွေရဲ့ခါးကိုင်၊ လက်ကိုင်ပြီး သင်ပေးတာကို ခံချင်သလား၊ ဒီလိုဆိုင်တွေ ပတ်လည်ဝိုင်း နေတဲ့အလယ်ဗဟို မှာက ကျွန်တော်တို့ကျောင်းကြီးလေ။ အချိန်ပိုင်း ဝင်နှပ်လို့ရတဲ့ တည်းခိုခန်း တွေလည်း ရှိတယ်။ အတန်းလစ်တာများလာတဲ့ ကျွန်တော် တို့အဖွဲ့ကို ဌာနမှူးဆရာက တစ်ရက် ခေါ်တွေ့ ပြီး သတိပေးတယ်။ ဆေးကျောင်းသားဆိုတာ စာနဲ့ မျက်နှာနဲ့ ခွာလို့ မဖြစ်နိုင်တဲ့အကြောင်း၊ စာတွေများတော့ ဘယ်လောက်ဉာဏ်ကောင်း ကောင်း စာမေးပွဲနီးမှ စုပြုံပြီးကြည့် လို့မရကြောင်း ဆုံးမလိုက်တယ်။ နောက်ရက်တွေ အတန်းပျက် ရင် အိမ်တွေကို သတိပေးရမယ် လို့လည်းပြော လာတယ်။ စာမေးပွဲကလည်း သိပ်မလိုတော့လို့ အခုရက်ပိုင်းတွေ ကျွန်တော်တို့ နည်းနည်းခြေ ပြန်ငြိမ် နေကြရတယ်။
ဒါပေမယ့် ကျွန်တော်အာမ ခံရဲတာက အခုအချိန်ထိ အမေမကြိုက်တဲ့ ဆေး လိပ်နဲ့ အရက်ကို ကင်းရှင်းတယ် ဆိုတာပါပဲ။ ငယ်မိုးတို့ ဇော်ပိုင်တို့က ဆေးလိပ်သောက်တတ် လာပေမယ့် ကျွန်တောကတော့ ကြိုက်ကိုမကြိုက်တာ။ တခါတလေ ကျွန်တော်တို့ထိုင်နေကြ အချစ်ရွာ ထဲကို ဝတ်စုံတူလေး တွေဝတ်ထားတဲ့ ကိုယ်လုံး လှလှ ကောင်မလေး တွေရောက်လာပြီး ပေးသွားတဲ့ စီးကရက်တွေ ရရင်လည်း ငယ်မိုး တို့ကိုပြန်ပြီး ဒါနပြုလိုက် တယ်လေ။ ငယ်မိုး တို့က သာဓုတွေ ခေါ်လို့ပေါ့။
အောင်နိုင်ဝင်းနဲ့အတူ စမတ်ကျကျဝတ် ထားတဲ့ အစ်ကိုကြီးတစ်ယောက်လည်းပါလာ တယ်။ ကျွန်တော်သူ့ကို မြင်ဖူးသလို လိုရှိတယ် လို့ ထင်နေတုန်း သူက ကျွန်တော်တို့ဝိုင်းကို ကြည့်ပြီး တစ်ချက်ပြုံးပြလိုက်တယ်။ ဒီတော့မှ ကျောင်းဖွင့်စရက်က ကျွန်တော့်ကို ပြုံးပြဖူးတဲ့ အစ်ကိုကြီးမှန်း သတိရလာတော့တယ်။ အောင်နိုင်ဝင်းက ကျွန်တော်အားလုံးနဲ့ မိတ်ဆက်ပေး လိုက်တယ်။
အစ်ကိုကြီးနာမည်က ကိုမျိုးဆွေ တဲ့။ သူလည်းဆေးကျောင်းသား ဖြစ်ခဲ့ဖူးတယ်။ 2nd Year အရောက်မှာ စာတွေများလို့ Botany ကိုပြောင်းပြီး အခုကျောင်းပြီးထားတဲ့ အကြောင်း၊ ဒီကျောင်းကိုသံယောဇဉ်မပြတ်လို့ မကြာခဏ လာလည်လေ့ရှိကြောင်း ပြောပြ တယ်။ ကိုမျိုးဆွေ နှုတ်ချိုအပြောကောင်း ကျွန်တော်တို့အဖွဲ့နဲ့ ခဏအတွင်းမှာပဲ ငယ်ပေါင်း ကြီးဖော်တွေလို ဖြစ်သွားကြတယ်။ နောက်ရက် တွေကျ ကျွန်တော်တို့အဖွဲ့ Internet Café သွားရင် ဖြစ်စေ၊ Game ဆိုင်သွားရင်ဖြစ်စေ ကိုမျိုးဆွေလည်း ပါလာတတ်တယ်။ တစ်ခါ တလေ သူကစားနေကျ စနူကာဆိုင်ကို ကျွန်တော်တို့က လိုက်သွားတတ်တယ်။
ကျွန်တော်တို့ကို ပျော်တာတော့ ပျော်ကြဖို့ ၊ ဒါပေမယ့် သူ့လိုတော့ အရှုံးပေးပြီး မေဂျာမပြောင်းဖို့ ဆုံးမတတ်တယ်။ ကျောင်းမှာ ကိုမျိုးဆွေ အသိတွေ အတော်များတယ်။ 3rd Year မှာရော 2nd Year မှာရော အတန်းတိုင်းလိုလိုမှာပဲ၊ တချို့ အတန်းကြီးတွေနဲ့ များတွေ့ကြရင် တိုးတိုး တိုးတိုးနဲ့ ဘာတွေ ပြောကြမှန်း မသိဘူး၊ ဒါပေမယ့် သူက ကျွန်တော်တို့အဖွဲ့နဲ့ပဲ အတွဲများတယ်။ ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့ အတန်းတက် တစ်လှည့်၊ ပျက်တစ်လှည့် သံသရာလည်နေကြ ရာက တကယ့်စာမေးပွဲက နီးလာပါရော။
ကျွန်တော်တို့အဖွဲ့ အတန်းမှန်မှန်တက်ပြီး စာလုပ်တဲ့ သန်းမြင့်ဦးဆီသွားပြီး လိုအပ်တာတွေ မေးကြမြန်းကြ၊ ဆရာတွေဆီသွား ကူပါကယ်ပါ လုပ်ခဲ့ကြရာက ကြည့်ရမယ့်စာတွေ စုံလာခဲ့ရ တယ်။
“ဟာ...စာတွေက အများကြီးပဲကွာ၊ အခု မှကြည့်လို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”
“ဒါကြောင့် ဆရာတွေက ပြောတာနေမှာ အခုဘယ်လိုလုပ်ကြမလဲ၊ ဒါတွေအားလုံး တစ်ပတ်အတွင်း ခေါင်းထဲဘယ်လိုမှ ထည့်လို့ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး”
“ဦးနှောက်ခြောက်တယ်ကွာ၊ စာတွေ ကြည့်ရတာ ငါ့ခေါင်းကြီး ကြီးလာသလိုပဲ။ ခေါင်းနောက်လိုက်တာ”
ကျွန်တော်တို့ တစ်တွေ တစ်ယောက် တစ်ပေါက်နဲ့ ခေါင်းတွေကုပ်၊ စိတ်တွေပျက်ပြီး လာမယ့် စာမေးပွဲကြီးကို ကြောက်နေ ကြရပြီလေ။ ကိုမျိုးဆွေရှေ့မှာ ညည်းမိကြတော့..
“ ငါ့ညီတို့ စိတ်အေးအေးထား၊ ဒီအချိန်မှာ စိတ်တည်ငြိမ် နေဖို့က အရေးကြီးဆုံးပဲ၊ အစ်ကို လည်း ဒါတွေကြုံ ရဖူးတာပဲ၊ ဘယ်လိုဖြေရှင်း ရမယ်ဆိုတာ အစ်ကိုလည်း စဉ်းစားပေးပါ မယ်...”
ကျွန်တော်တို့တွေ ကိုမျိုးဆွေကို အားကိုး တကြီး ကြည့်လိုက် ကြတယ်။
“ဒီလိုလုပ်၊ အခုလောလော ဆယ် မင်းတို့မှာ Stress တွေသိပ်များ နေကြတယ်။ ဒါတွေကို အရင်လျော့ သွားအောင် လုပ်ရမယ်။ ပြီးမှ စာမေး ပွဲအတွက် မင်းတို့အားလုံး တစ်ယောက် တစ်ဘာသာစီ တာဝန်ယူပြီး စာကိုကြည့်ကြ၊ ဖတ်ကြ၊ ပြီးတော့ အားလုံးစုပြီး တိုင်ပင်ကြ၊ ရှင်းပြကြရင် ပိုအဆင် ပြေမယ် ထင်တယ်။ ဒီ ညနေကျ ကိုယ်နဲ့လိုက်ခဲ့ပေါ့”
ကိုမျိုးဆွေကို ကျွန်တော်တို့ အားလုံး ကျေးဇူးတင် တဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြ တယ်။ သူပေးတဲ့ အကြံကလည်း လက်ခံချင် စရာ၊ အခုလောလောဆယ် လေးနေတဲ့ စိတ်တွေ ပေါ့ပါးချင်လှပြီလေ။ ဒါနဲ့ ကျွန်တော်တို့တွေ သူခေါ်တဲ့ဆိုင်ကို လိုက်သွားကြတယ်။ ကိုမျိုး ဆွေခေါ်သွားလေ့ရှိတဲ့ဆိုင်တွေဆို ကောင်းတတ် တာ ကျွန်တော်တို့အဖွဲ့က သိပြီးသား။
“ဒါက မင်းတို့ အခုလောလော ဆယ် ခံစား ရနေရတဲ့ stress တွေကို ပြေလျော့စေတဲ့ ဆေး ပေါ့။ Enervon C လိုသဘောမျိုးပါပဲ။ ဒီဆေး က အခုသောက် ခဏနေရင် အစွမ်းကို သိလာ မှာပဲ။ ဈေးကြီးပေမယ့် ချက်ချင်း ထိရောက် တော့ ငါ့ညီတို့လို စိတ်ဖိစီးမှုများတဲ့လူတွေအတွက် ဒါက ပိုကောင်း မယ်ထင်တယ်။ ကိုယ်တော့ ပင်ပန်းတိုင်း ဒါကို သောက်လေ့ရှိတယ်။ ကဲ သောက်ကြည့်ပါဦး”
ကိုမျိုးဆွေက ပြောပြောဆိုဆို သူလည်း သောက်၊ ကျွန်တော်တို့ကိုလည်း တိုက်။ ပုစွန်လေး ကိုက်လိုက်၊ အချိုရည်လေး မော့လိုက်၊ ရောက်တတ်ရာရာစကားတွေ ပြော လိုက်နဲ့။ ပျော်လည်း ပျော်၊ ခုနက စိတ်ညစ်နေတာတွေလည်း ခဏနေတော့ မေ့သွားကြတယ်။ အောင်နိုင်ဝင်းက ငယ်မိုးနဲ့ ရန်ဖြစ်ချင်ယောင် ဆောင်တယ်။ ဇော်ပိုင်ကတော့ ကုလားထိုင် နောက်မှီပေါ် ခေါင်းလှန်ပြီး ဘာတွေ တွေးနေလဲ မသိဘူး။ မြင့်သူ၊ ဟိန်းထက်နဲ့ ကိုမျိုးဆွေတို့ ကတော့ ရောက်တတ်ရာရာ စကားတွေ လျှောက်ပြောပြီး ငြင်းခုန်နေကြလေရဲ့။
ကျွန်တော်ကတော့ သူတို့ကို ကြည့်ပြီး စိတ်ထဲက ကလိလိနဲ့ကိုဖြစ်ပြီး ရယ်ချင်နေတယ်။
ခေါင်းထဲမှာတော့ မူးရိပ်ရိပ်နဲ့ တစ်ခါမှ မရောက်ဖူးတဲ့ နိဗ္ဗာန်ဘုံဆိုတာကြီးကို ရောက်နေ သလိုလို၊ တိမ်တိုက်တွေထဲမှာ လမ်းလျှောက်နေရသလိုလို။ ကျွန်တော့်ခါးကြားက ဖုန်းမြည်သံကြားရပေမယ့် မကိုင်လိုက်တော့ဘူး။ ဖုန်းပြောလိုက်ရင် အဲဒီ ခံစားမှုလေး ပျောက်သွားမှာ စိုးလို့။ အရက်လည်း မဟုတ်တဲ့ ဒီအချိုရည်လေးရဲ့ အစွမ်းက မဆိုးဘူး။ ကျွန်တော့်စိတ်တွေ လန်းဆန်းတက်ကြွ နေတယ်။ ကျွန်တော် အပြီးသတ် ကုန်အောင် မော့ချလိုက်တယ်။ ဟိုကောင်တွေကတော့ ကျွန်တော့်ထက်အရင် ပြောင်နေအောင် သောက်ပြီးနေကြပြီလေ။
“နိုးပြီလား။ ပြီးရင် ထမင်းစားခန်းထဲ ခဏလာခဲ့ဦး။ နှင်းအိလည်း ရောက်နေတယ်။ ကြီးမေ သားကို ပြောစရာ ရှိတယ်”
ကျွန်တော် မျက်နှာသစ်ရင်း ကြီးမေ ဘာများ ပြောမှာပါလိမ့်လို့ တွေးနေတယ်။ မနေ့ ညက နောက်ကျပြန်လာတာကိုပဲ ပြောမှာနေမှာ ပေါ့။ ဖုန်းက missed call တွေကို ပြန်နှိပ် ကြည့်တော့ အမေ့ဆီက ခေါ်တာက လေးခါ၊ ကြီးမေဆီက နှစ်ခါနဲ့ နှင်းအိဆီက သုံးခါစီ တွေ့ရတယ်။ ဝိုင်းသမကြတော့မယ် ထင်တယ်။ ရင်ဆိုင်ဖို့အသင့်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ထမင်းစားခန်းထဲကို လာခဲ့တယ်။
“မနေ့ညက သား ဘာဖြစ်လာလဲ သိလား။ အရက်သောက် လာတာ မဟုတ်ပေမယ့် သားကြည့်ရတာ မူမမှန်ဘူး။ လိုက်ပို့ပေးတဲ့မျိုးဆွေဆိုတဲ့ လူကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နှင်းအိ ပြောစကားအရ အဲဒီကောင်က အကျင့် သိပ်မကောင်းဘူးလို့ ပြောတယ်။ သား သူ့ အကြောင်း ဘယ်လောက် သိထားလဲ။ မနေ့ညက ရော ဘာတွေဖြစ် လာကြတာ လဲ။ ကြီးမေကို ပြောပြစမ်း”
“သားက ကြီးမေတို့နဲ့ နေတာဆိုတော့ ကြီးမေတို့မှာ တာဝန်ရှိတယ်။ မနေ့ညကဆို မင်းအမေ အတော်ကို စိတ်ပူနေရှာတာ။ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ နောက်ဆုံး ဖုန်းပိတ်သွားတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလူကို သား သတိထားပါ။ ကြီးမေလည်း ဘာရယ်လို့ မပြောတတ်ပေမယ့် သားအတွက် စိတ်ပူမိတယ်။ စာမေးပွဲလည်း နီးပြီဆို၊ အခု အဆင်သင့်ဖြစ်ပြီ လား”
ခဏနေတော့ နှင်းအိပြန်မယ် လုပ်လို့ ကျွန်တော် သူ့ကို အိမ်ရှေ့အထိ လိုက်ပို့ပေး လိုက်တယ်။အိမ်ပေါက်ဝရောက်မှ
“နင်က တကယ့်မြွေပဲ။ ချွန်လိုက်ရလို့ သိပ်ပျော်နေ တယ်ပေါ့လေ”
“ငါက နင့်ချစ်သူပါဟာ။ စိတ်ပူလို့ ပြော တာပါ။ အဲဒီမျိုးဆွေကို ငါတို့ ယူအက်ဖ်အယ်လ် မှာလည်း သိကြတယ်။ မဟုတ်ကဟုတ်က တွေကို ရောင်းပေးတဲ့ အရောင်း ကိုယ်စားလှယ် လို့ ပြောကြတာပဲ။ နင် အဲဒါတွေနဲ့ ငြိသွားမှာ စိုးလို့ပါ။ သတိထားဦး”
“ဘာမှ ငြိစရာမရှိဘူး။ ငါ ဆေးလိပ်လည်း မသောက်တတ်ဘူး။ အရက်လည်း မကြိုက်ဘူး။ ငါ အခု စွဲနေတာဆိုလို့ နှစ်ခုပဲ ရှိတယ်။ အဲဒါကတော့ နင်နဲ့ ဂိမ်းပဲ သိပြီလား။ ကောင်မလေး...လျှောက်တွေးမနေနဲ့။ မနက် ဖြန်ကျရင် လမ်းလျှောက်မှာလား”
“သွားစမ်းပါဟာ။ ငါ နင့်အတွက် စိတ်ပူ တယ်။ ငါ့ရင်တွေ လေးနေတယ် ဘာလို့မှန်း မသိဘူး”
“မေ့လိုက်တော့။ မနက်ဖြန်ကျရင် တွေ့ကြမယ်နော်”
ကျွန်တော်တို့အားလုံး ခေါင်းထဲ ဆံ့သလောက် စာတွေထည့်ပြီး စာမေးပွဲကို ကြိုးစားကျော်လွှားခဲ့ကြတယ်။ ဆပ်ပလီ ကတော့ ထိဖြစ် အောင် ထိလိုက်ကြသေးတယ်။ ဒါပေမယ့် ကံကောင်းလို့ အောင်သွားပါတယ်။ 2nd Year ကို ရောက်သွားပြီပေါ့။ ဒီအတန်းမှာ စာတွေ ပိုများလာတဲ့အကြောင်း ပိုခက်လာတဲ့အကြောင်း ဆရာတွေက ပြောကြတယ်။ ကျွန်တော်တို့ နာမည်ပေးထားတဲ့ `နတ်မိမယ်’လေးကိုတော့ နေ့စဉ်ပုံမှန် သုံးကြတယ်။ ကျွန်တော်ကတော့ တစ်ရက်ကို တစ်ခါလောက်ပဲ သုံးတယ်။ ငယ်မိုးဆိုရင် တစ်ရက်တည်းကို နှစ်ခါလောက် မျိုပစ်တာလေ။ တန်ဆေးလွန်ဘေးလို့ ပြောလည်း မရတဲ့အကောင်ပေါ့။ နတ်မိမယ်လေး ကုန်ခါနီးရင် ကိုမျိုးဆွေကို မျှော်ရတာ အမော။ ကိုယ်တော်က တုန်းကတော့ မမြင်ချင် အဆုံး။ အခုမှ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ပေါ်လာတစ်ချက် မပေါ်လာတစ်ချက်။ နောက်ဆုံး ကျွန်တော်တို့ကပဲ သူရှိရာ လိုက်သွား ကြရတယ်။
ခေါင်းကိုက်နေရတဲ့အထဲ အိပ်လို့မှ မဝ သေးဘူး။ တံခါးခေါက်သံကြားရတယ်။ အားပြင်းပြင်း မာန်ပါပါနဲ့ ခေါက်တဲ့အသံ။ ကျွန်တော် မထချင်သေးတာနဲ့ ခေါင်းအုံးကြီးနဲ့ နားနှစ်ဖက်ကို ပိတ်ပြီး ဆက်အိပ်နေလိုက်တယ်။
“ဒုန်း ဒုန်း ဒိုင်း”
ဟာ မရတော့ဘူး။ တံခါးကို ထဖွင့်ပေး လိုက်ရတော့တယ်။ ကြီးမေရော ကြီးမေရဲ့ ယောကျာ်းရော ဒေါသမျက်ဝန်းတွေနဲ့ ကျွန်တော့် ကို ကြည့်နေကြတယ်။ ကြီးမေက
“အခုချက်ချင်းထ၊ မျက်နှာသစ်၊ ပြီးရင် အင်္ကျီလဲ ကျောင်းသွားမယ်။ ဒီမှာ ပါမောက္ခချုပ် ဆီက ခေါ်စာ။ ငါတို့ပါ လိုက်ခဲ့ရမယ်။ အာမခံ လက်မှတ်ထိုးပေးရမတဲ့။ ကြီးမေ သားကို ဘာမှ မမေးတော့ဘူး။ စိတ်လည်း ပျက်လာပြီ။ ကဲ... အမြန်လုပ်”
ကျွန်တော် အမြီးကုပ်ပြီး အမြန်မျက်နှာ သစ်လိုက်ရတယ်။ ပြီးတော့ ကြီးမေတို့ကားနဲ့ နောက်ကနေ ခပ်ကုပ်ကုပ်လေး လိုက်လာခဲ့ တယ်။ ကျွန်တော့်ကားကတော့ မနေ့ကနေရာမှာ ရှိတန်ကောင်းပါသေးရဲ့။ ကျောင်းရောက်တော့ ပါချုပ်အခန်းရှေ့မှာ ခဏစောင့်ပြီး ရုံးခန်းထဲ ဝင်ခွင့်ရတယ်။ ပါချုပ်ကြီးက ကျွန်တော့်ကို စူးစိုက်ပြီး ကြည့်တယ်။ ပြီးမှ...
“မဟုတ်ပါဘူး။ ကျွန်မက သူ့အဒေါ်ပါ။ ဒါပေမယ့် အုပ်ထိန်းသူတွေဆိုလည်း မှန်ပါတယ်။ ကျွန်မတို့နဲ့အတူနေတာပါ။ သူ့မိဘတွေကတော့ ပခုက္ကူမှာပါ”
“ဟုတ်ကဲ့...ကျွန်တော် ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ မနေ့ညနေက သူတို့အဖွဲ့ ၃၃_၇၃ လမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာ ရပ်ထားတဲ့ဆိုင်ကယ်နှစ်စီးကို နောက်မီးခွက် တွေ ခွဲသွားကြပါတယ်။ ဆိုင်ကယ်ပိုင်ရှင်တွေက ပြဿနာမလုပ်ချင်လို့ ကျွန်တော့်ကိုပဲ အကြောင်း ကြားပြီး ဆုံးမပေးဖို့ မနေ့ညက လာပြီး မေတ္တာ ရပ်ခံသွားပါတယ်။ ကျေးဇူးတင် ရမယ်။ သူတို့ အဖွဲ့ထဲက တစ်ယောက်ကတော့ အခု အရေး ပေါ်ဌာနမှာ ရောက်နေတယ်။ နာမည်က ငယ်မိုး တဲ့။ ဆိုင်ကယ်ပေါ်က လိမ့်ကျပြီး ခေါင်းမှာ ဒဏ်ရာရသွားလို့။ ကျန်တဲ့သူတွေကိုတော့ ကျွန်တော် အခုလို အုပ်ထိန်းသူ ဒါမှမဟုတ် မိဘတွေ ခေါ်တွေ့ပြီး ကတိဝန်ခံချက်လက်မှတ် လေး ထိုးခိုင်းပါတယ်။ ပြီးတော့ သူတို့ ခြောက် ယောက် အတန်းပျက်နေတာတွေကိုလည်း မိဘ တွေကို အသိပေးချင်လို့ပါ။ စာမေးပွဲက နောက် တစ်လလောက်နေရင် ဖြေရတော့မယ်။ ကျောင်း ခေါ်ချိန်မပြည့်ရင် ဖြေခွင့်မရှိပါဘူး။ အခုက စပြီး အတန်းမှန်မှန်တက်ရင်တော့ မီပါသေးတယ်”
“ဟုတ်ကဲ့။ အခုလိုခေါ်သတိပေးတာ ကျေးဇူးတင်ပါတယ်။ ရန်နောင်က ကျွန်မ သားဆိုလည်း ဟုတ်ပါတယ်။ ခါတိုင်းတော့ အိမ်ပြန်နောက်ကျပေမယ့် ကျူရှင်တက် နေရလို့၊ စာ အတူတူ လုပ်နေကြလို့ဆိုတဲ့ အကြောင်းပြ ချက်တွေနဲ့ ပြန်လာလေ့ ရှိပါတယ်။ ပြန်လာချိန် ကလည်း ည ဆယ်နာရီ၊ ဆယ့်တစ်နာရီထက် မကျော်တော့ ယောကျာ်းလေးတစ်ယောက် အနေ နဲ့ ဒီလောက်တော့ ရှိမှာပေါ့ဆိုပြီး နားလည်ပေး ထားတာပါ။ ကလေးတစ်ယောက်လို လိုက် ထိန်းရမယ့် အရွယ်လည်း မဟုတ်လို့ပါ။ အခုလို မိုက်ရူးရဲ အလုပ်ကိုလည်း သူ လုပ်ရဲလိမ့်မယ်လို့ တစ်ခါမှ မတွေးမိပါဘူး။ အရင်က သိပ်ကို လိမ္မာတဲ့ကလေးပါ။ အခုမှ အပေါင်းအသင်း တွေကြောင့်...”
ကြီးမေ စကားမဆုံး သေးဘူး။ ကြီးမေ ယောကျာ်းက
“မင်းကလည်း ကိုယ့်ကလေး မကောင်းရင် ကိုယ့်ကလေးကိုပဲ ပြောပါကွာ။ သူများ ဆွဲမထည့်ပါနဲ့”
“အို... ဒါပေမယ့် ကျွန်မသားလေး ဒါတွေနဲ့ တွေ့မှ ဒီလိုဖြစ်လာတာပဲ။ ဒီတော့ ဆရာကြီးတို့ အနေနဲ့ ကျွန်မတို့ဘက်က ဘာတွေ လုပ်ပေးစေ ချင်ပါသလဲ။ မနေ့ညက ကိစ္စအတွက်လည်း လျော်ကြေးပေးဆိုလည်း ပေးပါမယ်ရှင်” “ကျွန်တော်တို့က လျော်ကြေးပေးတာ ထက် နောက်ကို ဒါမျိုးထပ်မလုပ်ဖို့နဲ့ ဒီလို အပြုအမူတွေ ထပ်ဖြစ်လာခဲ့ရင် ကျောင်းကနေ အပြီးအပိုင် အထုတ်ခံရမယ်ဆိုတာကို သိရှိ သဘောတူကြောင်း ရန်နောင်အနေနဲ့ရော အုပ်ထိန်းသူတွေအနေနဲ့ပါ လက်မှတ်ရေးထိုးစေ ချင်ပါတယ်”
အိမ်မှာပဲ နေပြီး ဘယ်မှမထွက်ဖို့ ကြီးမေက ပြောတယ်။ အခုဖြေမယ့် မအောင်ရင်တော့ အမေက ပခုက္ကူကိုပဲ ပြန်ခေါ်၊ ကြိုက်တဲ့ မေဂျာ တစ်ခုပြောင်းပြီး အဝေးသင်တက္ကသိုလ်ကိုပဲ ဆက်တက်ရမတဲ့။ အဖေတို့ စီးပွားရေးကိုပဲ ဆက်လုပ်ရမယ် တဲ့လေ။ ဒီအစီအစဉ်ကိုတော့ ကျွန်တော် တစ္ဆေတစ်ကောင်လို ကြောက်တယ်။ ဒီလိုသာ ဖြစ်သွားရင် ကျွန်တော် သိပ်စွဲလမ်းတဲ့ နတ်မိမယ်လေးနဲ့ ခွဲရတော့မှာလေ။ သူနဲ့တွေ့ရဖို့ လည်း အတော်ခက် သွားတော့ မှာ။
စာမေးပွဲ နီးလာလို့ ထင်တယ်၊ ညညဆိုရင်လည်း ကျွန်တော် အိပ်မက်ဆိုးတွေ မက်မက်နေတယ်။ အိပ်မက်ထဲမှာ ကျွန်တော့်ငါးကြီးနဲ့ ကျွန်တော် စကားတွေ ပြောကြတယ်။ ငါးကြီးက သူ အစာ ကောင်းကောင်း မစားရတဲ့ အကြောင်း၊ သူ့ကို ဂရုစိုက်မယ့် သူမရှိလို့ ပြန်လာခဲ့ပါလို့ ခေါ်နေတယ်။ သူ့ပါးစပ်လေး ထောင့်ကြီးကို ဟဟပြီး ပီပီသသပြောနေတာ ။ ကျွန်တော်က နတ်မိမယ် လေးအကြောင်း ပြောပြတော့ သူက ကျွန်တော့်ကို သူ့အမြီးနဲ့ ရေထဲပုတ်ချပြီး မျက်လုံးကြီးပြူးပြူး ပြတယ်။ မျက်လုံး ကြီးမှ အဆံကြီးကြီးထွက် အောင်ကို ပြူးပြတာ။ ပြီးတော့ တစ္ဆေ တစ်ကောင်ရဲ့ အသံလို ခပ်နက်နက်စူးစူး ကြီးနဲ့ ပြန်လာခဲ့ပါ။ သူနဲ့လာနေပါလို့ ခဏခဏခေါ် တယ်။
တစ်ခါတလေ တော့ အိပ်မက်ထဲမှာ ပြောတယ်။ တစ်ခါတလေကျ အပြင်မှာပြော တယ်။ အပြင်မှာကတော့ သူ ကျွန်တော့်ကို ဘယ်သူမှ မရှိတဲ့ ညမိုးချုပ်ကျမှ လာတွေ့တာ။ ကျွန်တော် နတ်မိမယ်လေးကို ယူပြီးချိန်ဆို သူက ရောက်လာပြီ။ ကျွန်တော် မလာဘူးဆိုရင် သူ လာခေါ်မယ်လို့လည်း ပြောသေးတယ်။ သူ တော်တော်လည်း ပိန်သွားတယ်။ ကျွန်တော် သူ့ကို သနားသွားတယ်။ ကျွန်တော် သူနဲ့သာ တွေ့ရင် သူကြိုက်တဲ့ ပုစွန်ဆိတ် တွေ တစ်နေ့ကို တစ်ပိဿာလောက် ကျွေးမယ့်အကြောင်း သူ့ကို ပြန်ပြောလိုက်တယ်။ အခုတော့ နေပါဦး၊ သည်းခံလိုက် ပါဦးပေါ့။
သူက တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာတယ်။ ကျွန်တော့်ကို တမ်းတတာက ပိုပိုကြမ်း လာတယ်။ တစ်ခါ တစ်ခါများဆို ပြန်လာခဲ့ဖို့ခေါ်တာ ငါးကြီး တန်မဲ့ မျက်ရည်တွေတောင် ကျလို့။
ကျွန်တော် ဒီရက်ပိုင်း စိတ် အတော်ရှုပ်နေတယ်။ ကျွန်တော့် ငါးကြီးက တစ်မျိုး၊ နတ်မိမယ်လေး က တစ်မျိုး။ စာမေးပွဲကို လည်း အောင်ချင် တယ်။ ကျွန်တော် ပခုက္ကူကို မပြန်ချင်ဘူး။ ငါးကြီးကိုတော့ ဒီခေါ်ထားချင်တယ်။ အခုရက် ပိုင်းကျမှ ငါးကြီးကို ကျွန်တော် အိပ်မက်မက် ရာက သူ့ကို ထူးထူးဆန်းဆန်း ပြန်သတိရနေတာ။ ကျွန်တော့်ကို အတူနေဖို့ အတင်းအကျပ် တောင်းဆိုတော့ တစ်ခါတလေဆို နားငြီးလွန်းလို့ စိတ်တောင် ပျက်တယ်။ ဒီကောင်ကြီး ဒီလောက် ခေါင်းမာပြီး နားပူနားဆာလုပ်တတ် မှန်း အစက မသိခဲ့ပါဘူး။ နားပူတာများ စာတောင် ကျက်လို့မရဘူး။ ညဘက်ဆို ညနက် လာလေ ပိုဆိုးလေ။ နားနှစ်ဖက်ပိတ်ပြီး ခေါင်းခါလိုက် ရတာလည်း အကြိမ်ကြိမ်။ နတ်မိမယ်လေးပဲ အေးချမ်းတယ်။ သူ့ကို ယူလိုက်ရင်တော့ ခဏအတွင်း အားလုံးကို မေ့ပြီး လောကကြီးနဲ့ ကင်းကွာသွားသလိုပဲ။ သူကမှ ကျွန်တော့်ရဲ့ထာဝရအဖော်မွန်အစစ်။ ဒီလို နဲ့ ညပေါင်းများစွာ လွန်လာခဲ့တယ်။ ငါးကြီးက တော့ အခုထိ နားပူတုန်း။
ဒါပေမယ့် တကယ်ဖြေရမယ့် ရက်ရောက်လာတော့ ကျောင်းကို သွားလိုက်ရ တယ်။ ကြီးမေတို့က ကျွန်တော့်ကို ကျောင်း လိုက်ပို့တယ်။ စာမေးပွဲ ဖြေတဲ့ ပထမနေ့မှာပဲ ငယ်မိုး ဆုံးသွားပြီ ဆိုတဲ့ သတင်းကို ကျွန်တော်တို့ စာမေးပွဲခန်းထဲ မဝင်ခင် ကြားလိုက် ကြရတယ်။ ဇော်ပိုင်က အရမ်းချောက်ချားပြီး မဖြေတော့ဘူး လုပ်နေလို့ ဆရာတွေက ချော့ပြောပြီး အတန်းထဲ ခေါ်သွားတာ တွေ့လိုက်ရတယ်။ ကျွန်တော် လည်း ဖြေချင်စိတ်မရှိတော့ဘူး။
ဒါပေမယ့်လည်း စာမေးပွဲကျရင် အပြီးပြန်ရမယ်ဆိုတဲ့စကားကြီး ကြောင့် စိတ်ပျက်လက်ပျက်နဲ့ အခန်းထဲ ဝင်ခဲ့ တယ်။ ထိုင်သာ ထိုင်နေရတယ်။ ဘာတွေ မေးထားမှန်းလည်း မသိဘူး။ အခန်းကြီးက လိုတာထက် ပိုတိတ်နေသလိုလို၊ နေချင်းကြောင် တောင်ကြီးမှာ အသံငြိမ်နေတာက သဘာဝမကျ သလိုလို။
`ဝုန်း’ဆိုတဲ့ အသံကြီး နောက်နားကနေ ကြားလို့ လန့်ပြီး လှည့်ကြည့် လိုက်တော့ အောင်နိုင်ဝင်းဖြစ် နေတယ်။ သူ ဇောချွေးတွေပြန်ပြီး ဒေါသတကြီးဖြစ်နေတယ်။ အသက်ကို ပြင်းပြင်းရှူ၊ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။ ပြီးတော့...
“ဟင်း...ဟင်း သတ်မယ်၊ ငါ သူ့ကို သတ်မယ်။ သူ့ကြောင့် ဒီလိုဖြစ်ရတာ သတ်မယ်”
`ဒုန်း’ဆိုပြီး ပြောပြောဆိုဆို စားပွဲပေါ် လက်သီးနဲ့ ထိုးချလိုက်တယ်။
အဲဒီတော့မှ ဆရာတွေရော တခြားကျောင်းသားတွေပါ အသက်ဝင်လာပြီး သူ့ကို ရေတွေ ဝိုင်းတိုက်ကြ၊ ဆွဲကြ၊ ဖက်ကြနဲ့။ အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တယ်။
ကျွန်တော်လည်း စိတ်ပျက်လာ တယ်။ ဒီအသံတွေကြားထဲ ငါးကြီးက သူ့ဆီ ပြန်လာဖို့ခေါ်နေတဲ့အသံက တစ်မှောင့်။ ကျွန်တော် အဖြေလွှာ စာရွက်ရော၊ မေးခွန်းကို ရော ဆွဲဖြဲ လိုက်တော့ တယ်။ ခဏနေတော့ ကျွန်တော့်ကိုရော၊ အောင်နိုင်ဝင်းကိုပါ အတန်း ထဲက ထုတ်ပြီး ပါချုပ်ရုံးခန်းထဲ ခေါ်သွားကြ တယ်။ ကျွန်တော်တို့ နှစ်ယောက်ကို အခုဖြေနေတဲ့ စာမေးပွဲမှာ ဝင်မဖြေဖို့၊ ခဏနားလိုက်ဖို့ ခေါ်ပြောတာပါ။
“မင်းအမေက ဘယ်မှမထွက်စေနဲ့လို့ မှာ ထားတယ်။ ဘယ်မှမသွားပါနဲ့လား။ အပြင်မှာ လည်း မိုးတွေ ရွာနေတယ်”
“မနက်ဖြန်ဆို သား ပြန်ရတော့မှာပဲ။ အခု ခဏလေးပဲ အပြင်ထွက်ပါရစေ။ သူငယ်ချင်း တွေကို နှုတ်ဆက်ချင်လို့ပါ။ ပြီးတော့ ကျောင်းကြီးကိုလည်း ဝအောင် ကြည့်ချင်လို့ပါ။ နာရီဝက်လောက်နေရင် ပြန်လာပါ့မယ်။ သားကို ထွက်ခွင့်ပေးပါနော် ကြီးမေ”
မိုးက သည်းသည်းမည်းမည်း မရွာဘဲ ဖွဲဖွဲလေးရယ်။ ခဏနေတော့ ကျွန်တော် နေရာ လေးတစ်ခုကို သွားသတိရလိုက်တယ်။ နှင်းအိ နဲ့ ကျွန်တော် အအေးအတူသောက်ခဲ့ဖူးတဲ့ မန္တလေးကန်တော်ကြီးထဲက နေရာလေးကိုပေါ့။
ဒါနဲ့ ကားကို အဲဒီဘက်မောင်းသွား လိုက်တယ်။ ခုနက ကျွန်တော် တစ်ခါတည်း မော့ထားတဲ့ အရှိန်ကြောင့်ထင်တယ်။ ကျွန်တော့်ခြေထောက် တစ်ဖက်က လီဗာပေါ်ကို အားရပါးရ နင်းထား မိလျက်သား။ လမ်းမပေါ်မှာ မိုးရွာတော့ လူ အသွားအလာနည်းနေတယ်။ ခဏနေတော့ ၈၄ လမ်းနဲ့ ကန်တော်ကြီးထဲကို ဝင်ရမယ့် လမ်းဖြတ်ကို ရောက်လာတယ်။ ကျွန်တော် ဆက်မောင်းသွား လိုက်တယ်။
ကန်တော်ကြီးထဲ မှာ လူ သိပ်မရှိဘူး။ Lake View, Royal Lake စတဲ့ဆိုင်တွေကို လွန်လာတော့ ကျွန်တော် လက်တွန်းလှည်းနဲ့ အအေးဆိုင်လေးကို လိုက်ရှာ တယ်။ မိုးရွာနေတော့ ဘာအအေးဆိုင်မှ မတွေ့ ရဘူး။ လူရှင်းပြီး ထိုင်ခုံရှိတဲ့နေရာတစ်ခုမှာ ကျွန်တော် ကားကို ရပ်လိုက်တယ်။ ကားပေါ်က မဆင်းသေး ဘဲ မှန်ထဲက တစ်ဆင့် ဘောနက်ပေါ် ကျနေတဲ့ မိုးရေစက် တွေ ကို အဓိပ္ပာယ်မဲ့ ထိုင်ကြည့် နေလိုက်တယ်။ ပတ်ဝန်းကျင် မှာတော့ မိုးပေါက် ကျသံကလွဲလို့ ဘာဆိုဘာ သံမှ မကြားရဘူး။ တိတ်ဆိတ်လို့။ ကျွန်တော့် စီတီယာရင်အပေါ် မျက်နှာမှောက် ထားလိုက်တယ်။ ဘာလို့မှန်း မသိဘူး၊ ငိုချင်လာ တယ်။ ချုံးပွဲချ ငိုချပစ်လိုက်တယ်။ အားရ အောင် ငိုပြီးတာနဲ့ မျက်ရည်သုတ်ပြီး အရှေ့ကို မော့ကြည့်လိုက်ပြန်တယ်။ ခုနကအတိုင်း ဘော နက်ပေါ်ကို မိုးပေါက်တွေက ကျနေဆဲ။
ခဏ နေတော့ မိုးပေါက်ကျသံတွေကြားက ကျွန်တော် ကြားဖူးနေကျ အသံနက်နက်ကြီး တစ်ခုကို ကြားလိုက်ရတယ်။ ဒါ ကျွန်တော့် ငါးကြီးရဲ့ အသံပဲ၊
“လာခေါ်ပါ...ဘာမှမစားရသေးဘူး၊ ... ရန်နောင်မင်းနဲ့ တွေ့ချင်တယ်။ ရန်နောင်ရေ ငါဒီမှာ”
အသံကြားရာ ကျွန်တော့်ရဲ့ လက်ယာ ဘက်မှာရှိတဲ့ ကန်ရေပြင်ကို ကြည့်လိုက်တယ်။ တက်သိမ်းအင်း ရေပြင်မှာလည်း မိုးဖွဲဖွဲလေးတွေ ကျနေတော့ ရေအသီးအသီးတွေထလို့၊ ရေကန် ထဲကနေ ငါးကြီးရဲ့အမြီးပိုင်းပေါ်လာပြီး ခေါင်း ပြန်စိုက်လိုက် အမြီးပိုင်းပါ ရေထဲ မြုပ်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့။ ကျွန်တော် ကိုယ့်မျက်စိကို ပွတ်ကြည့် လိုက်တယ်။ သေချာအောင် ရေငွေ့ တွေနဲ့ ဖြစ်နေတဲ့ ကားမှန်ပြူတင်းကိုပါ လက် နဲ့ သုတ်ကြည့် လိုက်တယ်။ တက်သိမ်းအင်း ကန်ရေပြင် ဖွေးဖွေးထဲမှာ ငွေရောင်ထနေတဲ့ ကျွန်တော့်ငါးကြီး က ပေါ်လာလိုက် ပြန်မြုပ်သွားလိုက်။
အသံကတော့ ကျွန်တော်ညည အိမ်မက် တွေထဲမှာ ကြားနေကျအတိုင်း.... ပြောနေတဲ့ စကားတွေကလည်း သူ့ကိုခေါ်ဖို့ သူ့ဆီလာဖို့၊ ငါးကြီးက ကျွန်တော့်စိတ်ကို ညှို့ယူနေသလို ပဲ။ ကျွန်တော်ကားထဲမှာ ထိုင်နေရာက မနေ သာတော့ဘူး။ သူရှိရာ ရေပြင်ကြီးဆီသွားဖို့ ကား တံခါးကိုတွန်းဖွင့်လိုက်တယ်။
မျက်နှာပေါ်မိုး စက်ကလေးတွေ အေးခနဲ လာစင်နေတယ်။ ဂရုမပြုအားပဲ ကန်ဘက်ကိုပဲ စူးစိုက်ကြည့်နေမိ တယ်။ ကန်အစပ်ကို ရောက်ဖို့သိပ်မလျှောက် ရဘူး။ နှစ်ယောက်ထိုင်ခုံတန်းလေးကျော်တာနဲ့ ရောက်ရော။ ခေါင်းထဲမှာတော့ ရိုးတိုးရိပ်တိတ် နဲ့။ အမြင်အာရုံ တွေကလည်း မိုးဖွဲဖွဲရွာနေလို့ ဝိုးတဝါး။ မျက်လုံးထဲမှာတော့ ခုနက ငိုထားတဲ့ မျက်ရည်တွေနဲ့ အမြင်ကြည် လင်လာအောင် လက်ဖဝါးနဲ့ မျက်လုံးကို ဖိပွတ်လိုက်တယ်။ ဟော...ခုနက ခုန်ဆွခုန်ဆွလုပ်နေတဲ့ကောင် အခု အတွေ့ရပြန်ဘူး။ ကန်ရေပြင်ထဲမှာ မိုးရေ ပေါက်ကျလို့ လှုပ်တာကလွဲလို့ အားလုံးသာမန် ပုံစံဖြစ်နေပြန်တယ်။ ခဏကြာတော့ ကျွန်တော့် ကို သူ့ဆီလာဖို့ ခေါ်သံနဲ့ အတူ ကန်ထဲကနေ ငါး ကြီးက ပေါ်လာပြန်ရော။
မဖြစ်တော့ဘူး ကျွန် တော်သူနဲ့ တွေ့မှကို ဖြစ်တော့မယ်။ ငါလာပြီ ....ငါလာပြီ မင်းနဲ့ ဒီနေ့စာရင်းရှင်းမယ်။ ... ငါမနက်ဖြန်မင်းရှိရာကို ပြန်လာတော့မယ့်အကြောင်း မင်းသဘောပေါက်အောင် ရှင်းပြမှဖြစ် မယ်။ ဒါမှ နောက်နေ့ ငါနား အေးပါး အေးနေ ရမှာ။ လာပြီဟေ့....
ကျွန်တော် တက်သိမ်းအင်း ထဲ ဆင်းလိုက်တယ်။ အေးခနဲ့ ဖြစ်သွားပြီး ခပ်ချောချော မာမာ အရာတစ် ခုကို တက်နင်း လိုက်မိတယ်။ ပြီးတော့ ကန်ထဲကို အလိုလို ဝုန်းကနဲ တကိုယ်လုံး ချော်ကျသွားတယ်။ အေးလိုက်တာ မပြောပါနဲ့။ အသက်ရှုရ မွန်းကြပ် လာတယ်။ ဒီတော့မှ ကျွန်တော် သတိရလိုက် တယ်။ ငါ အိမ်မက်နဲ့ ရောနှောနေတာပါလား လို့။ ရေတွေမွန်းလွန်းလို့ အပေါ်ပြန် တက်ချင် တော့ ဘေးဘီကို ကြည့်လိုက်တယ်။ ရေမှော်တွေ ဒိုက်တွေ ငါးသေးသေး လေးတွေ။ ဘယ်မလဲ ကျွန်တော့်ငါးကြီး.... ဘယ်မှာရှိမလဲ အိပ်မက်နဲ့ ရောနှော သွားတာပါဆို။ ဒါပေမယ့် ကျွန်တော် ရုန်းရင်း ကန်ရင်း မရတော့ဘူး။ မွန်းသထက် မွန်းလာတယ်။ အမေ့ မျက်နှာကို ဖျတ်ကနဲ မြင်လိုက်မိတယ်။ နောက်တော့ ကျွန်တော် ခံစား ရခက်တဲ့ မွန်းကြပ်မှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး.. ဘာဆိုဘာမှ မသိတော့ဘူး။
၂၀ဝ၀ပြည့်နှစ်တွေရဲ့ ဒီဘက်ပိုင်း မန္တလေး မြို့မှာ ယဉ်ကျေးမှုတစ်ခု ထပ်တိုး လာတယ်။ အဲဒီယဉ်ကျေးမှုကတော့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ချိန်ကျရင် မန္တလေးမြို့က သတင်းစာတွေထဲမှာ ဘာသာစုံဂုဏ်ထူး ဒါမှ မဟုတ်ရင် ဂုဏ်ထူးတွေနဲ့ အောင်မြင်တဲ့ ကျောင်းသူကျောင်းသားတွေကို သက်ဆိုင်ရာ မိဘတွေ ဆွေမျိုးသင်္ဂဟတွေ ဆရာဆရာမတွေ က ဂုဏ်ယူဝမ်းမြောက်ကြောင်း အပြိုင်အဆိုင် ထည့်ကြတဲ့ ယဉ်ကျေးမှုပါ။ အဲဒီယဉ်ကျေးမှု တော့ သူ့အချိန်ရောက်တိုင်း ယနေ့ထိ ဆက်လက်ရှင်သန်နေဆဲ...။
ညလင်းဖြူ
(Perfect Magazine, June 2010 Issue)
နေရာသစ်ဆီသို့

သူ့ရှေ့က အောက်ခံကျောက်စရစ်ခဲသေးသေးလေးတွေပေါ်နေတဲ့ လမ်းမပေါ်မှာ ခပ်ခြောက်ခြောက် ရွက်ရော်လေးတွေ အဓိပ္ပါယ်မဲ့ လေလွင့်နေကြလေရဲ့။ ရှေ့ခပ်လှမ်းလှမ်းမှာတော့ “မစားဖူးရင် ဝါးကြည့်၊ မချစ်ဖူးရင် ချစ်ကြည့်” ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို ကြွားကြွားကြီး ထောင်ပြီး ချိတ်ဆွဲထားတဲ့ အချဉ်ပေါင်းထည့်လှည်းလေးဘေးမှာ မောင်မောင်သယ်လေးတစ်ယောက် ခပ်ငေါင်ငေါင်နဲ့ ထိုင်နေတယ်။ စားသုံးသူ ဘုစုခရုမလေးတွေကို မျှော်နေတာလည်း ဖြစ်နိုင်တယ်။ သူ စိတ်ညစ်ညစ်နဲ့ ကျောက်ခဲလေးတစ်လုံးကို ကောက်ပြီး အဝေးတစ်နေရာကို ပစ်ထည့်လိုက်တယ်။
အခု သူရွာပြန်မလား ဒီမှာဆက်နေပြီး အလုပ်ဆက်ရှာရမလား? အတွေးချာချာလည်နေပြီ။ သူက သူ့ခံစားချက်နဲ့ဝါသနာကို ဦးစားပေးတတ်သူလေ။ ဒါကြောင့် သူ့စိတ်နဲ့မတွေ့လို့ကတော့ ယောက်ျားတန်မဲ့ ရရာအလုပ်လုပ်မယ့်သူမဟုတ်ဘူး။
သူဝါသနာပါတဲ့အလုပ်ကတော့ အခုလေးတင်ပဲ ပြုတ်ခဲ့ရပြီ။ နောင်ကို ဒီအလုပ်ကို ပြန်ရဖို့က လွယ်မှာမဟုတ်။ ရွာပြန်ရင်ကော ရှိတဲ့အလုပ်ကို သူလုပ်မလား? သူတို့အိမ်က ဘိုးဘွားတွေပိုင်ခဲ့တဲ့ လယ်မြေတွေက အခု အလုပ်မဖြစ်တော့လို့ ဗိုက်နာတဲ့ဈေးနဲ့ ရောင်းပစ်လိုက်ပြီလေ။ အဖေက ဒေါ်လှကြည်နှစ်စီးပြန်ဝယ်ထားပြီး ရွာကနေ ၇မိုင်ကျော် ဝေးတဲ့ ပုပ္ပါားမြို့က ကားဂိတ်နဲ့ ရွာကို ခေါက်တုံ့ခေါက်ပြန်ဆွဲပေးတဲ့အလုပ် လုပ်စားနေရတော့ သူပြန်ရင် ဒေါ်လှကြည်ပဲ မောင်းပေးရမှာ သေချာတယ်။ ဒါမျိုးနဲ့ သူနဲ့တန်ပါ့မလား။ သူက မြို့သွား တက္ကသိုလ်တက် ကျောင်းပြီးထားတဲ့ ဘွဲ့ရပညာတတ် တစ်ယောက်ဥစ္စာကို။
သူဆယ်တန်းအောင်တုန်းက အိမ်က နည်းနည်းချောင်သေးတော့ နီးနီးနားနား ပခုက္ကူတက္ကသိုလ်မတက်ခဲ့ဘဲ ချော်တော့ငေါ့ပြီး မန္တလေး ရတနာပုံတက္ကသိုလ်ကို သွားတက်ခဲ့တဲ့အကောင်။ အမေကတော့ အခုချွတ်ခြုံကျမှ တဖျစ်တောက်တောက်နဲ့ သူတို့တတွေ စီးပွားရေးမပြေလည်ရတာဟာ သူ အခုလို မြို့ကြီးပြကြီးမှာ ကျောင်းသွားတက်ခဲ့တာလည်း ပါသလိုလို တရားခံကို ကြံဖန်ရှာပြီး ပြော ပြောနေလေရဲ့။ သူသာပြန်သွားရင် ဒီဓာတ်ပြားအဟောင်းကြီးကိုပဲ ပြန်ဖွင့်နေအုံးမှာ။ ဘွဲ့ရတာ ဘာမှ အားမကိုးရဘူးတို့ ၊ နင်တို့ဘွဲ့က ငါ့ဒေါ်လှကြည်လောက်တောင် အသုံးမကျဘူးတို့၊ ဒါ-ဒါ ချင်းအတူတူ မြို့ကြီးပြကြီးသွား ကျောင်းတက်တော့ ပိုကုန်ခဲ့ရတယ်တို့ လာပါလိမ့်မယ်..... ပြီးမှာကို မဟုတ်ဘူး။
“ဟူး.........”
သူ သက်ပြင်းရှည်ကြီးကို ချပြီး လောလောဆယ် သူရွာကို ချက်ချင်းမပြန်သေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့လက်ထဲမှာ အလုပ်ထုတ်ခံရလို့ နစ်နာကြေးအဖြစ်ပေးတဲ့ လစာ နှစ်လစာကျန်သေးတယ်လေ။ ဒါလေးကို ခြစ်ကုပ်ပြီးသုံးရင် နောက်ထပ်တစ်လလောက်တော့ သူ ဒီမှာဆက်နေလို့ရသေးတယ်။
+++++++++++++++++++++
သူ အလုပ်ပြုတ်မယ့်သာ ပြုတ်တာပါ။ ဒီနှစ်ပိုင်းတွေအတွင်း သူရထားတဲ့အလုပ်လေးဟာ သူ့ဝါသနာနဲ့ တစ်ထပ်တည်းဖြစ်တာမို့ တက်ကြွပြီး ရင်းနှီးခဲ့ရတာတွေကို သူကိုယ်တိုင်ပဲသိတယ်လေ။ သူစာတွေပိုဖတ်ခဲ့တယ်။ လိုတဲ့စာအုပ်တွေဝယ်ပြီး စာဝမ်းစာကို ပိုဖြည့်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ----- တွေးရင်း ဝမ်းနည်းလာရတယ်။ ဘာမှ ဆက်လုပ်စရာမရှိတာနဲ့ အခုလို လမ်းဘေးမှာ လာထိုင်နေတာ။ အလုပ်ဖြုတ်ခံလိုက်ရပေမယ့် သူ့အရည်အချင်းကို သူဘယ်တော့မှ သံသယမဖြစ်ပါဘူး။ ဒီမှာနေနိုင်သေးတဲ့ တစ်လအတွင်း နောက်အလုပ်သစ်တစ်ခုရဖို့အတွက် သူထပ်ကြိုးစားရမှာပေါ့။
“ဟာ - ဟေ့ကောင် မင်း မင်း သပြေနုက ဇင်လင်းမဟုတ်လား? ငါက မင်းတို့ရွာနဲ့ကပ်ရက် ကျောက်ထုံးကြီးက ထင်ရှားလေကွာ မှတ်မိလား?”
စိတ်ညစ်ညစ်နဲ့ ဦးတည်ရာမဲ့ ငေးကောင်းနေတုန်း ဆွေမျိုးလာစပ်တဲ့သူနဲ့ တွေ့နေပြန်ပြီလေ။ သူ အသံလာရာကို ကြည့်လိုက်တော့မှ သူတို့က အပုန်းကောင်လို့ နောက်ပြီး နာမည်ဝှက်ခေါ်ခဲ့ဖူးတဲ့ ရှိုးခပ်များများနဲ့ ထင်ရှားဆိုတဲ့အကောင်မှန်း သူတန်းမှတ်မိလိုက်တယ်။ ဖုန်ထဲ နေပူထဲနေရတဲ့ သူတို့လိုနယ်ဖက်တွေနဲ့ မလိုက်အောင် ရှိုးများပြီး သပ်သပ်ရပ်ရပ်နေလွန်းလို့ သူ့ကိုယောက်ျားမပီသဘူး ဆိုပြီး အမြင်ကပ်ကပ်နဲ့ အပုန်းကောင်လို့ ကင်ပွန်းတပ်ထားကြတာလေ။
“သြော် ထင်ရှား၊ မင်းကလည်း အချင်းချင်းပဲ မှတ်မိပါတယ်ကွာ၊ ဒီကိုဘာလာလုပ်တာလဲ?”
သူမေးလိုက်ကာမှ သူ့ထက်ပြင်းတဲ့ သက်ပြင်းရှည်ကြီးကိုချရင်း ဘေးကလွတ်နေတဲ့ နေရာမှာ ဝင်ထိုင်လိုက်တယ်လေ။
“ဟူး.........အလုပ်တွေ လုပ်လိုက်ရတာကွာ၊ အချိန်ပိုဆိုလည်း ဆင်းရ၊ ဟိုသွားဆိုလည်း သွားခဲ့၊ စိတ်လျှော့ဆိုလည်း လျှော့ရ၊ အူကြောင်ကြောင်စကားလုံးတွေနဲ့ ဟန်လုပ်နှုတ်ဆက်ဆိုလည်း နှုတ်ဆက်ရ၊ ပြုံးရ၊ မတော်တရော် အသားအရည်နဲ့ အကျင်္ီ အရောင်အသွေးနဲ့ မလိုက်ဖက်လည်း သိပ်ကြည့်ကောင်းတာပဲ ဘာညာနဲ့ မုသားတွေလည်း သုံးလို သုံးရနဲ့။ အဲဒီအတွက် ရလာဒ်ကတော့ ငါအခု အလုပ်ပြုတ်ခဲ့ပြီလေကွာ။ ဟေ့ကောင်- ငါ့ကို အဲလိုကြီး ကြည့်မနေနဲ့ ငါ့အပြစ်မဟုတ်ဘူးကွ။ သူဌေးက လုပ်ငန်းဆက်လည်ပတ်ဖို့ အတွက် ငွေဘယ်လိုမှ မလည်ပတ်နိုင်တော့လို့ ဆိုပြီး ဝိတ်လျှော့ချင်တာလေ။ ငါတို့ ယောင်္ကျားလေးသုံးယောက်ကို အရင် လျှပ်တပြက် စာမေးပွဲစစ်မတဲ့ကွာ။ အဲဒါခေါ်စစ်ပြီး မအောင်ရင်တော့ အလုပ်က အနားပေးရမတဲ့။ ငါတို့ကို အလုပ်ဖြုတ်လိုက်ကြောင်း ပြောရင်း သူ့ကိုအပြစ်မမြင်စေလိုကြောင်း ငွေကြေးအခက်အခဲကြောင့် ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောတာကွ။ ငါတို့ကတောင် သူ့ကို ပိုက်ဆံ ချေးပေးရမယ့်ပုံနဲ့ဆိုတော့ ဘာမှ မတတ်နိုင်ဘူးလေကွာ။ ဟာ----စိတ်ပျက်ပါတယ်ကွာ။”
ထင်ရှားစကားကို သူ နားမလည်လို့ မျက်ခုံးတွန့်လိုက်ရင်းက
“ဟ- မင်းဟာက အဆန်းပါလား။ အလုပ်ဖြုတ်ချင်လို့စစ်တဲ့ လျှပ်တပြက်စာမေးပွဲတဲ့။ တစ်ခါမျှမကြားဖူးပါဘူး။ ဟားဟား ပြောစမ်းပါအုံးကွာ။ ဘာတွေစစ်တာလဲ?”
မေးလိုက်ရင်းက သူ ခုနက စိတ်ပျက်လက်ပျက် ဖြစ်နေတာတွေ နည်းနည်းလျှော့သွားပြီး အပျင်းဖြေစရာတစ်ခု ဖြစ်လာရတယ်လေ။ ထင်ရှားက ဂိုက်ဆိုက်မိမိ ထောင်ပြီးသားဆံပင်ကို လက်နဲ့ထိုးဖွလိုက်ပြီး သူ့ကို ရှင်းပြဖို့ ဟန်ပြင်လိုက်တယ်။ ဒီကောင် အဲဒီလိုအိုက်တင်များလို့ အပုန်းကောင်လို့ သူတို့က အမြင်ကပ်ကပ်နဲ့ နာမည်ပေးလိုက်ကြတာလေ။ ဒါပေမယ့် သူ အခုလို ရှိုးများတတ် နေတတ်ထိုင်တတ်လို့လည်း မန္တလေးမြို့ကြီးက နိုင်ငံခြားနာမည်ကြီးတံဆိပ် ဖက်ရှင်ဆိုင်တစ်ခုမှာ အရောင်းစာရေးအဖြစ် အလုပ်ရခဲ့တာပေါ့။ ကျောင်းပြီးပြီးချင်း သူတို့ထက်အရင် အလုပ်ရခဲ့တဲ့ ထင်ရှားက အလုပ်လုပ်နေရလို့ သူတို့ကို သတိမထားမိပေမယ့် ဖိုသီဖတ်သီနဲ့ အလုပ်ရှာနေတဲ့ သူတို့တတွေကတော့ ဒီကောင့်ကို အားကျခဲ့ရတာပေါ့။ လုပ်ရတာကလည်း နာမည်ကြီး ရှော့ပင်းမောကြီး တစ်ခုထဲက အဲယားကွန်းတပ် အခန်းထဲမှာ။ တစ်ခါတလေဆို အဲဒီကုမ္ပဏီက သူ့ဝန်ထမ်းတွေကို အလကားပေးတဲ့ အပြန်စား အင်္ကျီ ဘောင်းဘီတွေကို ကျော့ကျော့လေး ဝတ်လို့ပေါ့။ အရိပ်ထဲမှာလုပ်ရလို့လည်း ဒီကောင့်ကြည့်ရတာ အသားတောင် ပိုဖြူလာသလိုလို။
နောက်တော့ သူလည်း အလုပ်ရသွားတာနဲ့ ဒီကောင်ကို မေ့တေ့တေ့ဖြစ်နေတာ။ အခု ဒီကောင်လည်း သူနဲ့ ဘဝတူဖြစ်နေရှာလေရဲ့။
“ပြောရရင်တော့ သူတို့စစ်တဲ့စာမေးပွဲက ဘာမှ ပညာမပါပါဘူးကွာ။ ဟားဟား အဲဒီ ပညာမပါတဲ့ မေးခွန်းကို ငါကလည်း မဖြေနိုင်ခဲ့တာကွ။ ဖြေနိုင်လည်း အနှေးနဲ့အမြန်တော့ အဖြုတ်ခံရမှာပါကွာ။ သူဌေးက တခြားလုပ်ငန်းတွေကိုပဲ တိုးချဲ့လုပ်တော့မှာတဲ့။ ဒီ ဖက်ရှင် အင်္ကျီအရောင်းအဝယ်လုပ်ငန်းက ဒီနှစ်ပိုင်းတွေမှာ အရောင်းထိုင်းလာတော့ သူ့လုပ်ငန်းတွေထဲက အရှုံးပေါ်ဆုံး လုပ်ငန်းကို ရွေးဖြုတ်ဖို့လုပ်တာ ငါတို့လုပ်နေတဲ့ဟာ ဖြစ်နေတာကွ။ ကံဆိုးပါတယ်ကွာ”
“ဟ- မင်းတို့က သူ့မှာရှိတဲ့ တခြားလုပ်ငန်းတစ်ခုခုမှာ ပြန်ခန့်ပေးဖို့ ပြောပေါ့ကွ”
“ငါတို့လည်း အဲလို တောင်းဆိုတာပေါ့ကွာ။ ဘယ်နေလိမ့်မလဲ။ ခက်တာက တခြား သူပိုင်တဲ့ လုပ်ငန်းတွေကလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေကွ။ ဒီအပိုင်းကိုကျ ငါတို့ဝင်လုပ်လို့လည်း မဖြစ်ဘူးလေ။ အုတ်ကျိုးလောက်ပဲ သယ်တတ်မှာကိုးကွ။ ဒါမျိုးတော့လည်း မလုပ်ချင်ဘူးကွာ။ အဲဒီလုပ်ငန်းတွေမှာလည်း ဒို့သူဌေးက အရှုံးပေါ်နေတာပဲတဲ့ကွ”
“ဟူး---- မလွယ်ပါလားနော်။ မင်းတို့ကို နစ်နာကြေးပေးသလား? နေပါအုံး မင်းပြောတဲ့ အလုပ်ဖြုတ်မေးခွန်းဆိုတာက ဘာတွေမေးတာလဲကွ”
“ရော---သူ့မှာ ပိုက်ဆံမရှိတော့လို့ လုပ်ငန်းမလည်ပတ်နိုင်လို့ပါ ဆိုမှ နစ်နာကြေးဆိုတာ ပေးပါလိမ့်မယ်။ အခုလအတွက်ကိုပဲ လမကုန်သေးပေမယ့် အပြည့်ပေးလိုက်တာကွ။ ၁၆ရက်စာလောက်တော့ ပိုပေးလိုက်တဲ့သဘောပေါ့ကွာ။ ငါတို့က အဲလို တောင်းဆိုဖို့ နေနေသာသာ သူ့တောင် ပြန်နှစ်သိမ့်ရမယ့်ပုံပဲကွ။ အလုပ်လုပ်တုန်းကလည်း သူက တခြားသူဌေးတွေလို ငါတို့ကို မောက်မောက် မာမာ အထက်စီးနင်းနဲ့ ဆက်ဆံတာမျိုးမဟုတ်ခဲ့တော့ အခုလို တောင်းတောင်းပန်ပန်နဲ့ပြောလာတော့ ငါတို့ကတောင် သူ့ပြန်သနားနေကြတာကွ။”
ဒီကောင့်ကို အပုန်းကြီးလို့ ခေါ်ခဲ့ပေမယ့် အခုလို စကားပြောကြည့်တော့လည်း ယောင်္ကျားပီသသား။ သူ နောက်ထပ်သိချင်နေတဲ့ မေးခွန်းကို ဒီကောင် အခုထိမဖြေရသေးလို့ စကားထောက်ပေးလိုက်တယ်။
“ဟေ့ကောင် မင်း ငါမေးတာ မဖြေရသေးဘူးလေကွာ။ အလုပ်ဖြုတ်မေးခွန်းအကြောင်း”
သူလည်း ပျင်းပျင်းရှိတာနဲ့ လေကြောရှည်အောင် ထောက်ပေးနေတုန်း အလိုက်ကမ်းဆိုးမသိတဲ့ ဂျာနယ်ရောင်းတဲ့ ကောင်လေးတစ်ယောက် ရောက်လာပြီး
“အစ်ကိုတို့ အားပေးပါအုံးဗျာ။ ဒါ ဒီမနက်ထွက်တဲ့ အင်အား။ ဘောလုံးအကြောင်း အကုန်ရော အစင်ရော ပါတယ်။ အာကြီးတွေရဲ့ ကတ္တီပါလမ်းခွဲအကြောင်း၊ ပရီးမီးယား အမှတ်ပေးဇယားအသေးစိတ်၊ ရွန်နေးရဲ့ အချစ်သစ်။ ဟဲဟဲ လုပ်ပါအုံးဗျာ ကျနော် ဈေးဦးမပေါက်သေးလို့ပါ”
“အရေးထဲကွာ။ ဒီမှာ အလုပ်ဖြုတ်ခံရလို့ ပြတ်နေပါတယ်ဆိုမှ။ ခါတိုင်းတော့ ငါ ဒီဂျာနယ်ကို တစ်ပတ်တစ်စောင်တော့ ယူတယ်ကွ။ အခုတော့ ငါလည်း ဝိတ်လျှော့ရတော့မယ်ကွာ။”
ထင်ရှားက သူ့ကို ဒီလိုပြောရင်း
“ဒီမှာ ငါ့ညီရေ အစ်ကိုတောင် မင်းဆီက ပိုက်ဆံချေးရမယ့်ပုံ ပေါက်နေလို့။ မဝယ်နိုင်ပါဘူးကွာ။ အာကြီးတွေ ပရီးမီးယားတွေလည်း စိတ်မဝင်စားအားတော့ပါဘူး။ သွားပါအုံးကွာ။”
ကောင်လေး စိတ်ပျက်လက်ပျက်နဲ့ ဂျာနယ်တွေ တပွေ့ကြီး ပိုက်ပြီး ထွက်သွားတယ်။
“အလုပ်ဖြုတ်မေးခွန်းက ငါ ညံ့တာပါကွာ။ ပြောရရင် ရှက်စရာကြီးပေမယ့် ငါ့လိုပဲ ဟိုနှစ်ကောင်လည်း မဖြေနိုင်ကြဘူးကွ။ ဘာမေးတာလဲ ဆိုတော့ ငါယူထားတဲ့ ဘွဲ့အရှည်ကောက်နဲ့ မေဂျာရဲ့ စာလုံးပေါင်းကို ပထမမေးတာကွ။ အဟီး ဟို ငါ ငါလည်း ကျောင်းပြီးကတည်းက အလုပ်တန်းဝင်တာရော ပညာရေးနဲ့ အဆက်အသွယ်ပြတ်နေတာရောကြောင့် ယောင်ဝါးဝါးဖြစ်သွားတယ်ကွာ။ မသိတော့ဘူး.”
သူ ထင်ရှားအပြောကြောင့် အံ့သြတကြီးဖြစ်သွားပြီး
“ဟာ- မင်း အဲဒါတော့ ညံ့တာပေါ့ကွာ။ နေပါအုံး မင်းက ဘာနဲ့ဘွဲ့ရထားတာလဲ”
“ငါက ဟို ဇူးကွာ ဇူး ဇူး။ Zoo ဇူး ဒါပဲ သိတာကွ။ အဟီး အပြည့်တောင် မပေါင်းတတ်တော့ဘူး။ နောက်ပြီး ဘီအက်စီရဲ့ အရှည်ကောက်၊ ဒါလည်း ဝိုးတဝါးပေါ့ကွာ။ ချက်ချင်းမဖြေနိုင်ဘူး။ ဒါပေမယ့် အဲဒါကိုတော့ ငါအဆောင်ပြန်ရောက်မှ ပြန်သတိရတာကွ။ ဘတ်ချလားအော့ ဆိုင်းရင့်လေ။ ဟုတ်တယ်မဟုတ်လား? ဒါလေးနဲ့ ငါခံလာရတာကွာ”
သူ မိုးပေါ်ကို ခေါင်းလှန်မော့ပြီး ရယ်ရင်း
“ဟား ဟား ---- နည်းသေးတယ်ကွာ။ ဒီ့ထက်ပိုပြီး အပြစ်ပေးသင့်တာ။ နေပါအုံး ကျန်တဲ့နှစ်ယောက်ကရောကွာ။ ဘာတွေမေးလို့ မင်းနဲ့တန်းတူ ဖြစ်သွားရတာလဲ”
“သူတို့ကိုလည်း ငါ့လိုပဲ မေးတာကွ။ ခက်တာက ငါတို့အားလုံးက ဘာမေးမယ်ဆိုတာ ကြိုမသိထားကြတာလည်း ပါပါတယ်ကွာ။ ဒါကြောင့် ကြောင်သွားကြတာလည်း ဖြစ်မှာပါ။ ငါဆို အဆောင်ရောက်တာနဲ့ ပြန်သတိရသားပဲကွ။ ကွက်ရှင် ကြို မအောက်ထားလို့ပါ။ ဟဲဟဲ။ ဟိုနှစ်ကောင်က ပိုဆိုးတယ်ကွ။ သူတို့ယူထားတာ တစ်ယောက်က ဘိုင်အိုတက်ဆိုလား။ နောက်တစ်ယောက်က ဘစ်ဇစ်နက် အက်မစ်နစ် စတေးရှင်းဆိုလား ငါ့ဟာထက်တောင် ခက်သေးလေ။ ဒါတွေကို စာလုံးပေါင်းခိုင်းတော့ ဒီကောင်တွေလည်း ဘယ်ရမလဲကွာ။ သူဌေးက ငါတို့ကို မမေးခင် အခွင့်အရေးပေးပါတယ်။ ဖြေနိုင်ရင် တခြားလုပ်ငန်းတစ်ခုခုမှာ မလိုလည်း ကြည့်ထည့်ပေးမယ်ပေါ့ကွာ။ ငါတို့ကိုကလည်း မဖြေနိုင်တာပါ။”
“မင်းတို့ကတော့ ဖြစ်ရမယ်။ ဘာပဲပြောပြော ဒါလောက်လေးတော့ ပေါင်းတတ်ရမှာပေါ့ကွာ။
Bachelor of Science , Bachelor of Arts, Business Administration, Bio Technology, Zoology ကဲ ဒီလောက်လေးပဲဟာကို”
သူတို့တတွေ မပေါင်းနိုင်တဲ့ဟာကို သူ သမားဂုဏ်ပြ အကောင်လုပ်ပြီး ပေါင်းပြလိုက်တယ်။ အမယ် တောသားက မလျှော့ဘူးဗျာ။
“ဟာ ငါလည်းသိပါတယ်ကွ။ ရုတ်ရက်မို့ပါ။ ဟိုကောင်တွေလည်း အဲလိုပါပဲ။ မင်းကလည်း။ နေပါအုံး မင်းက ငါ့ချည်းမေးနေ။ မင်းလည်း အလုပ်လုပ်နေတာမဟုတ်လား။ အခု ဒီကန်တော်ကြီးထဲမှာ အလုပ်ချိန်ကြီး တစ်ယောက်တည်း ဘာထိုင်လုပ်နေတာလဲ?”
သူများ သွားကောနေရာက မြှားဦးက သူ့ဖက်ကို လှည့်လာပြီလေ။ ဒါပေမယ့် သူအလုပ်ပြုတ်တာက သူတို့တွေလိုမဟုတ်တော့ ပြောပြရဲပါတယ်။ သူညံ့လို့မှ မဟုတ်ဘဲကိုး။
“အင်း ငါလည်းပြောရရင် မင်းလို အလုပ်ပြုတ်လာတာကွာ။ ဒါပေမယ့် ငါညံ့လို့တော့ မဟုတ်ဘူးကွ။ အများနဲ့ ခံရတာ။ ငါလုပ်တဲ့ ပရိုက်ဗိတ်အင်တာနေရှင်နယ်စကူးကလည်း ဘော့စ်က သိပ်မကိုက်လို့ ဝိတ်လျှော့ချင်တာ။ အဲဒါ ခန့်ထားတဲ့ ဝန်ထမ်းတွေ များနေလို့ လျှော့မယ်လုပ်တော့ ယောင်္ကျားနဲ့ မိန်းမမှာ ဆရာမတွေကိုပဲ ထားပြီး ဆရာတွေကို လျှော့တာဆိုတော့ ငါက အဲဒီအထဲ ပါသွားရတာပေါ့ကွာ။ ဒါပေမယ့် မင်းတို့လိုတော့ မဟုတ်ဘူးကွ။ ငါတို့ကို နစ်နာကြေးနှစ်လစာ ပိုပေးတယ်လေ။ ဒါပေမယ့်ကွာ ကြိုမပြောဘူးဆိုတော့ ခံစားရတာပေါ့။ ဘာပြောရမှန်းလည်း မသိဘူး။ ငါနဲ့အတူ ဆရာ၆ယောက်ကို တပြိုင်တည်းနစ်နာကြေးပေးပြီး ဖြုတ်လိုက်တာလေ။ ပြောပြတဲ့ အကျိုးအကြောင်းလေးကတော့ မင်းပြောသလိုပါပဲ။ သူတို့ကိုတောင် ပြန်သနားရမယ့်ပုံ။ ဒါပေမယ့် ငါတို့ဘော့စ်ကတော့ မင်းတို့ဘော့စ်လို ကိုယ်တိုင်မလာဘူးကွ။ မန်နေဂျာကတဆင့် ခေါ်ပြောတာ။ သူက ဘယ်နေမှန်းတောင်မသိဘူး။ ငါလည်း စာသင်တဲ့အလုပ်ပဲ လုပ်တတ်တာဆိုတော့ ခက်တယ်ကွာ။ ခုန ပီစီအိုကနေ ကျောင်းက ကျောင်းသူလေးတစ်ယောက် ဂိုက်လိုတယ်ဆိုလို့ ရလိုရငြား ဆက်ကြည့်တာ ယောင်္ကျားလေးဖြစ်နေလို့ အမျိုးသမီးဆရာမပဲ လိုက်ရှာနေပါတယ်တဲ့ကွာ။ အခုမှ ငါလည်း ယောင်္ကျားဖြစ်ရတာကို မကျေမနပ်ဖြစ်လာမိတယ်။ အမေက ငါ့ကို ဘာလို့ ယောင်္ကျားလေးအဖြစ် မွေးပေးရတာလဲလို့ပေါ့ ဟား ဟား”
သူသိပါတယ်။ စကားတွေ တရစပ်ပြောချပြီး မဆီမဆိုင် စိတ်ထဲကမပါဘဲ ရယ်ချလိုက်တာကိုပေါ့။ ဟိုကောင် လိုက်မရယ်နိုင်ဘဲ သူ့ကို စာနာနားလည်တဲ့ မျက်နှာပေးနဲ့ ပြန်ကြည့်နေတယ်လေ။ ထင်ရှားက သူ့ကို လေးနက်တဲ့ မေးခွန်းတစ်ခု မေးလာတယ်။
“မင်း ဘာဆက်လုပ်မှာလဲ။ သပြေနု ပြန်မှာလား? မင်းတို့က တော်ပါသေးတယ်ကွာ။ ပြန်လည်း လယ်ပိုင် ယာပိုင်တွေ ဆိုတော့။ ငါတို့မိသားစုကတော့ အစကတည်းက သူရင်းငှါးပဲ လုပ်နိုင်ကြတာဆိုတော့ ပြန်လည်း ပင်ပင်ပန်းပန်းလုပ်မှ အဆင်ပြေမှာကွ။ ဒါမျိုးလည်း ငါမလုပ်နိုင်တော့ဘူးကွာ။ ငါမော်ဒယ်လ်လျှောက်တာမျိုးတော့ ဝါသနာပါတယ်ကွ။ ဒါပေမယ့် အဲဒီလိုင်းကလည်း ပိုက်ဆံတတ်နိုင်တဲ့ သူဌေးသားတွေက ငွေထုပ်ပိုက်ပြီးတော့ကို အလကားမတ်တင်း လုပ်ပေးနေတဲ့သူတွေ ရှိနေတော့ ဝမ်းရေးအတွက် ရပ်တည်ဖို့ကလည်း မလွယ်ပါဘူးကွာ။ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး ဟူး........”
အင်း သူ့ဟာသူ ရွာပြန်ရင် ဒေါ်လှကြည်(ထော်လာဂျီ) မောင်းပေးရမှာမို့ စိတ်ပျက်လက်ပျက် ဖြစ်နေတာ။ ဒီကောင်က သူ့ထက်ပိုဆိုးနေလို့ သူ့ကိုတောင် အလုပ်ပြန်ရှာပေးရမယ့်ပုံ။
“မင်းထင်သလို ငါတို့အိမ်ကလည်း လယ်ယာတွေ မရှိတော့ဘူးကွ။ ရောင်းလိုက်ရပြီ။ အခု ဒေါ်လှကြည် ဆွဲပေးနေတယ်လေ။ ငါလည်း အဲဒါကြီးတော့ မမောင်းချင်ဘူးကွာ။ အိမ်ကတော့ ပြန်လာခဲ့ အိမ်အလုပ်ကူလုပ်လို့တော့ ပြောပါတယ်။ မင်းအဲဒါမောင်းတတ်လား ငါ အိမ်ကို ပြောပေးမယ်လေ။ မင်းလုပ်ချင်ရင်ပေါ့ကွာ။ ”
“ဟာ- ငါဘယ်မောင်းတတ်မလဲ။ မောင်းတတ်လည်း မင်းလိုပဲ မမောင်းချင်ပါဘူးကွာ။ နောက် တသက်လုံး ကားဆရာကြီးတော့ မလုပ်ချင်ပါဘူး။ ကားဆရာတောင် ကောင်းကောင်းကန်းကန်း ဂျပန်ကားဆရာမဟုတ်ဘူး။ ဒေါ်လှကြည်ကြီး။ အရိပ်ထဲမှာပဲ မပင်ပန်းတဲ့ အလုပ်ကို ရချင်လို့ လုပ်ချင်လို့ပါကွာ။ ငါအခုလုပ်တဲ့အလုပ်ကလည်း သိပ်မပင်ပန်းဘူးလေကွာ။ ဒါကြောင့်ပါ။”
သူ ဒီကောင့်စကားကို နည်းနည်းတော့ အချဉ်ပေါက်သွားပေမယ့် ဒီကောင်လည်း သူ့လိုပဲနေမှာပါလေလို့ ကိုယ်ချင်းစာပေးလိုက်တယ်။ ပြောသာပြောတာပါ။ သူလည်း ဘာဆက်လုပ်ရမှန်းမသိဘူး။
“ငါတော့ မင်းလိုလည်း သုံးလစာတွေ ဘာတွေမရခဲ့တော့ ဒီမှာဆက်နေဖို့ ခက်တယ်လေကွာ။ လမကုန်သေးခင် လခကြိုရထားတယ် ဆိုပေမယ့် ဒီမှာဆက်နေရင် ဒီလောက်က နောက်ထပ် နှစ်ပတ်စာလောက်ပဲရှိတာဆိုတော့ မနက်ဖြန်ပဲ ရွာကိုပြန်လစ်ရတော့မယ်ကွာ။ အိမ်ရောက်ရင် ဒီငွေလေးပေးပြီး မျက်နှာက လုပ်ရအုံးမှာကွ။ ပြီးမှမီးစင်ကြည့် ကမလားလို့- မင်းရော ဘယ်လိုလုပ်မလဲ?”
“ငါတော့ ဒီမှာတစ်လလောက်ဆက်နေပြီး အလုပ်ရှာကြည့်ဦးမယ်ကွာ။ ချက်ချင်းမပြန်ချင်သေးဘူး။ ငါ့အိမ်က အစကတည်းက ဒီမှာကျောင်းလာတက်တာကို ကြည်တာမဟုတ်ဘူး။ ဒီကြားထဲ အလုပ်လေးရတော့လည်း ငါ အိမ်ကို ငွေမပေးမိဘူး။ ငါ့ဟာငါတောင် အနိုင်နိုင်ရယ်။ အိမ်ကတော့ ဘာမှမမျှော်ပါဘူး။ အခုအလုပ်ပြုတ်မှ ဘာမှမပါဘဲ ပြန်ရမှာကို ငါရှက်တယ်ကွာ။ ဟေ့ကောင် ငါတွေးမိတာ တစ်ခုတော့ရှိတယ်ကွ။ လောလောဆယ် ငါတို့ မပြန်ရမယ့် နည်းလမ်းလေ”
“ပြောစမ်းပါအုံး။ ဘာများလဲလို့”
ထင်ရှားက စိတ်ဝင်စားသွားဟန်တူတယ်။ သူ ပြောသင့် မပြောသင့် ချိန်ဆနေတော့ သူ့ကို စိတ်မရှည်သလိုနဲ့ အမြန်ပြောဖို့ တောင်းဆိုနေတယ်လေ။
သူ အဲဒီအလုပ်ကို ကြားထားတာ ကြာပါပြီ။ သူနဲ့အဆောင်အတူနေတဲ့ ကျောင်းနေဖက်လည်းဖြစ်ခဲ့ဖူးတဲ့ နေမျိုးဆိုတဲ့ကောင်ဆီက သိရတာပါ။ စကြားကြားချင်းတော့ သူကိုယ်တိုင်က သူ့ဝါသနာနဲ့ တစ်ထပ်တည်းဖြစ်တဲ့ ပညာရေးနဲ့ဆိုင်တဲ့ အလုပ်ကလည်း ရှိထား လစာလေးကလည်း မဆိုးဆိုတော့ ယောင်္ကျားဖြစ်ပြီး အဲဒီအလုပ်လုပ်စားတဲ့သူတွေကို သူ ကဲ့ရဲ့ရှုတ်ချခဲ့မိတယ်။ ပြောပြနေတဲ့ နေမျိုးကိုတောင် သူအတော်လေး အထင်သေးခဲ့တယ်လေ။ နေမျိုးကတော့ သူ့ကိုဒီသတင်းပေးပြီးတာနဲ့ သူ့လက်ရှိအလုပ် ဆေးမန်း အဖြစ်ကထွက် အဆောင်က သူ့အခန်းကို ပြန်အပ်ပြီး ရန်ကုန်တက်သွားတယ်။ ဒီကောင် အဲဒီအလုပ်ကို သွားလုပ်တာလေ။ နောက် သုံးလလောက်နေတော့ သူတို့နေတဲ့အဆောင်ကို နောက်ဆုံးပေါ်ကားအကောင်းစားကြီးနဲ့ နေမျိုးပြန်ပေါ်လာတယ်။ ဒီကောင်က ကားတောင်ကိုယ်တိုင် မမောင်းဘူး။ ဘေးက အခန့်သားကြီးထိုင်လို့။ မောင်းတဲ့သူက အသက်၃၀ကျော် အမကြီးတစ်ယောက်။ သူတို့သူငယ်ချင်းတသိုက်ကို ဝင်နှုတ်ဆက်ရင်း စားဖို့သောက်ဖို့တွေကို လာစွန့်ကြဲသွားတယ်လေ။ ပြီးတော့ သူ့အလုပ်ကို စိတ်ဝင်စားရင် ဆက်သွယ်လိုက်ဖို့ လိပ်စာကဒ်တွေ ဘာတွေတောင် ပေးသွားသေးတယ်။
တခြားငွေမက်တဲ့ကောင်တွေက နေမျိုးကို အားကျနေကြပေမယ့် သူကတော့ အဲဒီအချိန်အထိ ဒီကောင့်အလုပ်ကို အော်ဂလီဆန်နေဆဲပါ။ ဒါပေမယ့် ဝင်ငွေဖြောင့်တာတော့ အသေအချာပဲဆိုတာက သိသာတယ်လေ။ နေမျိုးပြောတာက ဒီအလုပ်က လူတိုင်းလုပ်ချင်လို့မရဘူး။ စံသတ်မှတ်ချက်ရှိသတဲ့လေ။
အရပ်က ၆ပေနဲ့အထက်၊ ကိုယ်ခန္ဓာအချိုးအစားက ဘယ်လိုဖြစ်ရမယ်၊ အသက်က ၂၈နှစ်ထက်မကျော်ရဘူး။ အလေးချိန်ကအနည်းဆုံ ပေါင်ဘယ်လောက်ရှိရမယ် ဘာညာပေါ့။ ရုပ်လှတာထက် ဆွဲဆောင်မှုရှိရမယ့် သဘောပေါ့လေ။ ဒါကြောင့် ဒီကောင်က ဒီအလုပ်အတွက် လူတိုင်းကိုမပြောဘူး။ သူတို့လို ဒေါင်ကောင်းကောင်း ပေမှီဒေါင့်မှီ ထောင်ထောင်မောင်းမောင်းတွေကိုပဲ ရွေးပြောခဲ့တာ။ နေမျိုးကိုယ်တိုင်ကလည်း အဲဒီအချိုးအစားနဲ့က ကွက်တိလေ။ ဒါကြောင့် အခုလိုလပိုင်းလေးအတွင်းမှာ ဒီကောင် ဒီလောက်အလုပ်ဖြစ်တာ နေမှာ။
သူတို့လောကက အဲဒီအလုပ်လုပ်တဲ့သူတွေကိုခေါ်တာ “ယိုးဒယားကိုကို” တဲ့။
ရိုင်းရိုင်းပြောရရင် လိင်ရောင်းစားတဲ့သူတွေပေါ့။ ဝယ်ယူစားသုံးသူတွေက ရန်ကုန်ပိုက်ဆံရှိအသိုင်းအဝိုင်းက ဒီကိစ္စဝါသနာပါတဲ့ အမျိုးသမီးတွေတဲ့။ တချို့အိမ်ထောင်ရှိပေမယ့် ယောင်္ကျားက နိုင်ငံခြားမှာ နှစ်ရှည်လများအလုပ်သွားလုပ်နေသူတွေ၊ အိမ်ထောင်ကွဲနေသူတွေ၊ အိမ်ထောင်ဦးစီးက ဖောက်ပြန်သွားလို့ ကျန်ရစ်ခဲ့တဲ့ မမတွေ၊ ရည်းစားစွန့်ပစ်ခံထားရတဲ့ ဘုစုခရုမလေးတွေ၊ အသွင်ပြောင်းမယ်တွေ စသူ စသူတွေပေါ့။
ကိုကိုတွေအတွက်ကို အေဂျင်စီက နေစရာလည်းပေးတယ်၊ စားသောက်စားရိတ်လည်းပေးတဲ့အပြင် ကံကောင်းရင်တော့ ကိုယ့်ဖောက်သည်ဆီကပဲ ဘောက်ဆူးခပ်များများလည်း ရတတ်တယ်တဲ့။ အဲဒီလိုရရင်တော့ အေဂျင်စီကို ကော်မရှင်နည်းနည်းပြန်ပေးရတာပေါ့။ နေမျိုးသူတို့ကိုဆွယ်တာက အိမ်ထောင်မရှိသေးတဲ့ကောင်တွေ ဒီအတိုင်းတောင်မှ ပိုက်ဆံပေးဝယ်စားနေရသေးတာ။ အခုဟာက အဲဒီစိတ်လည်းဖြေရ ပိုက်ဆံလည်းရသေးသတဲ့လေ။ အဲဒီတုန်းကတော့ ဒီကောင်ယောင်္ကျားတစ်ယောက်ထားရမယ့် မာနဘယ်ရောက်သွားပြီလဲဆိုပြီး အံ့သြနေတာ။ အခုလိုကြံရာမရဖြစ်ချိန်မှာတော့ ပိုက်ဆံစုမိရုံလောက် လုပ်ကြည့်ရင်ကောင်းမလားလို့ အတွေးကဝင်လာတော့တယ်။ ဒီအတွေးကိုလည်း ထင်ရှားကိုပြောပြလိုက်မိတယ်။ သူနဲ့လောလောဆယ် ဘဝတူဆိုတော့လေ။ ပြီးတော့ ဒီကောင်ကလည်း နေမျိုးပြောတဲ့ ပေမှီဒေါက်မှီဆိုဒ်လေ။ သူ့ထက်သာတာက ဒီကောင်က ရူပါဖြောင့်တာ။
သူ့စကားအဆုံးမှာတော့ ထင်ရှားက သူ့ကိုအကြာကြီးစိုက်ကြည့်နေတယ်။ သူတောင်မနေတတ်တာနဲ့ ရေကန်ဘက်ကို အကြည့်လွှဲလိုက်ရတယ်။ ဒီကောင် အတွေးနက်နက်တွေးတာလည်းဖြစ်နိုင်တယ်။ ခဏနေတော့ သူထင်မှတ်မထားတဲ့ တုံ့ပြန်မှုကို ထင်ရှားကလုပ်လိုက်တော့တယ်။ အဲဒါကတော့
“ဟီး ဟီး ဟီး ဟာကွာ ---- ကဲကွာ ကဲကွာ ကဲကွာ ---- ဒုန်း ဒုန်း ဒုန်း”
ထင်ရှားက ယောင်္ကျားတန်မဲ့ ရှိုက်ကြီးတငင် ငိုကြွေးရင်း ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးနှစ်ဖက်နဲ့ သူတို့ထိုင်နေတဲ့ ထိုင်ခုံနောက်မှီတန်းကြီးကို လှုပ်ခါနေအောင် တဒုန်းဒုန်းနဲ့ထုတာလေ။ သူလည်းထင်ရှားကို မဆွဲတော့ဘူး။ သူကိုယ်တိုင်လည်း ထင်ရှားလို လုပ်ချင်စိတ်ပေါက်လာလို့ သူ့လက်သီးနှစ်ဖက်ကို တဒုန်းဒုန်းနဲ့ ထုနှက်ပစ်လိုက်တာ သူ့လက်သီးဆုပ်မှာ သွေးတွေထွက် လာတဲ့အထိပေါ့။
++++++++++++++++++++++
တစ်ပတ်ခန့်ကြာပြီးတဲ့နောက် ....
သူနဲ့ထင်ရှားနှစ်ယောက်သား မန္တလေးကျွဲဆည်ကန် ကားကြီးဝင်းအတွင်းမှာ အိတ်ကိုယ်စီလွယ်ပြီး စီးရမယ့်ကားဂိတ်ကို ရှာနေကြတယ်။ လူတွေ ကားတွေ အဝင်အထွက်များလှတာကို တွေ့နေရတယ်။ သူတို့စီးမယ့်ကားက သူတို့ဇာတိရွာတွေဆီကိုရောက်မယ့် ပုဂံညောင်ဦးဖက်ကို ဦးတည်မှာတော့မဟုတ်ဘူး။ ရန်ကုန်မြို့တော်ကြီးဆီကိုလေ .....
ညလင်းဖြူ


