ဘလော့မိတ်ဆွေများအတွက် နှစ်သစ်နှုတ်ခွန်းဆက်လွှာ

ကျမ ဘလော့ကို အလုပ်တစ်ဖက်၊ သင်တန်းတစ်ဖက်၊ ကျောင်းတစ်ဖက်တက်ပြီး မအားတဲ့
ကြားက အချိန်ပေး လာရောက် ဖတ်ရှုကြတဲ့ စာရှုသူ မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်****
ကျမရဲ့ ကလောင်နာမည်တစ်မျိုးဖြစ်တဲ့ ညလင်းဖြူကို အသုံးပြုပြီးတော့ ၂၀၀၉ခုနှစ်အတွင်း
ကျမရေးသမျှ စာမူလေးတွေကို ကြိုးစားပြီးတင်လာလိုက်တာ အခု နှစ်ကုန်ဆုံးခါနီးအချိန်မှာ
ပြန်ကြည့်လိုက်တော့ မြန်မာဘာသာစကားနဲ့ဆိုင်တဲ့ ဆောင်းပါးစာမူတွေက ပိုများနေတာကို
တွေ့ရပါတယ်။
ခရီးသွားဆောင်းပါးလေးတွေရယ်၊ ဇာတိ မန္တလေးမြို့သက် နှစ်တစ်ရာ့ငါးဆယ်ပြည့်အတွက်
ဆောင်းပါးနဲ့ ဝတ္ထုတိုလေးနှစ်ပုဒ်ကိုလည်း တင်ဖြစ်ခဲ့ပါတယ်။
ဒီတော့ စာအလေးကြီးတွေပဲ အများစုဖြစ်နေတဲ့ ဘလော့လေးမှာ အခုနှစ်သစ်အတွက် ကျမ
ကိုယ်တိုင် ဆယ်ကျော်သက်လူငယ်လေးတွေကြားထဲ သွားရော၊ သူတို့နဲ့အတူ နှစ်သစ်တစ်ခု
ကို ကြိုဆိုခဲ့ရင်း သူတို့လေးတွေရဲ့ အတွေ့အကြုံအဖြစ်သနစ်လေးတွေကို မေးမြန်းကြည့်ရင်း
သိလာရာက ဖန်တီးရေးသားထားတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို အချိန်အခါနဲ့အကိုက် နှစ်သစ်
အမီ တင်လိုက်ရပါတယ်။
ဘလော့မိတ်ဆွေအပေါင်း ၂၀၁၀ နှစ်သစ်မှာ ဘေးကင်းကျန်းမာငြိမ်းချမ်းကြပါစေလို့ ဆုမွန်
ခြွေလျက်.....

ညလင်းဖြူ {ဝတ္ထုရေးလျှင် အသုံးပြုသည့် ကလောင်}
ဖြူဖြူဝင်း(မြန်မာစာ) {ဆောင်းပါးနှင့် တခြားစာညွန့်များရေးလျှင် အသုံးပြုသည့် ကလောင်}

1 comment:

  1. မင်္ဂလာပါ...ဆရာမရှင့်....
    လာရောက်ဦးခိုက်သွားပါတယ်....
    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေရှင်....

    ReplyDelete